လမ္းပန္းဆက္သြယ္ေရး အခက္အခဲရွိတဲ့ေနရာမွာ လမ္းေဖာက္ဖို႔ ေခြ်းနဲစာေလးနဲ႔ (၃)သိန္း လွဴဒါန္းခဲ့တဲ့ မ်ိဳးမင္းစိုး

ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ အလႉေရစက္ လက္နဲ႔မကြာဆိုသလို လိုအပ္ေနတဲ့ေနရာတိုင္းကို လက္မေႏွးလႉဒါန္းေလ့ရွိတာေၾကာင့္ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရသူပါ။ မၾကာေသးခင္က က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ေမြးေန႔မွာလည္း ခ်ိဳ႕တဲ့ တဲ့မိသားစုေတြအတြက္ အေျခခံစားေသာက္ကုန္ေတြ

လႉဒါန္းေပးခဲ့ပါေသးတယ္။ ဒီတစ္ေခါက္မွာလည္း လမ္းပန္းဆက္သြယ္ေရးခက္ခဲေနတဲ့ ႐ြာေလးအတြက္ လႉဒါန္းေပးျဖစ္တဲ့အေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ သူ႔ရဲ႕အလႉေလးအေၾကာင္းကိုေတာ့ ” မလႈိင္ၿမိဳ႕နယ္ ျမင္းဦးလွည့္ေတာင္႐ြာမွေခါင္းေဆးကန္႐ြာ ႐ြာခ်င္းဆက္ ဂန္႔ဂါးလမ္း လမ္းပန္းဆက္သြယ္ေရး

အခက္အခဲျဖစ္ေနတာေၾကာင့္အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ လမ္းေဖာက္လုပ္ရန္ကိုယ့္ရဲ႕ေခြၽးနည္းစာေလးနဲ႔အလႉေငြ (3)သိန္း ေမြးေန႔အမွတ္တရအျဖစ္ တစ္တပ္တစ္အားပါဝင္လႉဒါန္းခဲ့ပါတယ္…ေန႔စဥ္ျဖတ္သန္းသြားလာေနၾကတဲ့သူေတြ လမ္းဆိုးလမ္းမေကာင္းတဲ့အခါ စိတ္အေႏွာင့္အယွက္

အခက္အခဲေတြေတြ႕ၾကရပါတယ္။ လမ္းပန္းေခ်ာေမြ႕တဲ့အခါ လိုရာခရီးမပင္ပန္းဘဲေရာက္ရလို႔ စိတ္ခ်မ္းေျမ့ရပါတယ္။ လိုအပ္ေနတဲ့ေနရာေလးေတြအတြက္ ကိုယ္ႏိုင္သေလာကိ ကြက္လပ္ျဖည့္ေပးတဲ့အလႉေလးပါ… လႉဒါန္းမႉအစုစုအတြက္နတ္လူသာဓုေခၚပါေစေသာ္” ဆိုၿပီး မွ်ေဝခဲ့ပါတယ္။ေန႔စဥ္ျဖတ္သန္းသြားလာသူေတြ

အဆင္ေျပေျပ စိတ္ခ်မ္းသာစြာနဲ႔ သြားႏိုင္ဖို႔ ရည္႐ြယ္ၿပီး လႉခဲ့တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုးရဲ႕ လမ္းအလႉကေတာ့ တကယ္ကို မြန္ျမတ္တဲ့အလႉေလးပါပဲ ပရိသတ္ႀကီးေရ… အမ်ားေကာင္းက်ိဳး အၿမဲၾကည့္တတ္တဲ့သူတစ္ေယာက္မို႔ လုပ္ငန္းေတြ ဒီထက္မက အဆင္ေျပၿပီး လိုအပ္ေနသူေတြကို မ်ားမ်ားကူညီႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဒီဇိုင်နာမျိုးမင်းစိုးကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလို လိုအပ်နေတဲ့နေရာတိုင်းကို လက်မနှေးလှူဒါန်းလေ့ရှိတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။ မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာလည်း ချို့တဲ့ တဲ့မိသားစုတွေအတွက် အခြေခံစားသောက်ကုန်တွေ

လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ ရွာလေးအတွက် လှူဒါန်းပေးဖြစ်တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ သူ့ရဲ့အလှူလေးအကြောင်းကိုတော့ ” မလှိုင်မြို့နယ် မြင်းဦးလှည့်တောင်ရွာမှခေါင်းဆေးကန်ရွာ ရွာချင်းဆက် ဂန့်ဂါးလမ်း လမ်းပန်းဆက်သွယ်ရေး

အခက်အခဲဖြစ်နေတာကြောင့်အဆင်ပြေချောမွေ့စေဖို့အတွက် လမ်းဖောက်လုပ်ရန်ကိုယ့်ရဲ့ချွေးနည်းစာလေးနဲ့အလှူငွေ (3)သိန်း မွေးနေ့အမှတ်တရအဖြစ် တစ်တပ်တစ်အားပါဝင်လှူဒါန်းခဲ့ပါတယ်…နေ့စဉ်ဖြတ်သန်းသွားလာနေကြတဲ့သူတွေ လမ်းဆိုးလမ်းမကောင်းတဲ့အခါ စိတ်အနှောင့်အယှက်

အခက်အခဲတွေတွေ့ကြရပါတယ်။ လမ်းပန်းချောမွေ့တဲ့အခါ လိုရာခရီးမပင်ပန်းဘဲရောက်ရလို့ စိတ်ချမ်းမြေ့ရပါတယ်။ လိုအပ်နေတဲ့နေရာလေးတွေအတွက် ကိုယ်နိုင်သလောကိ ကွက်လပ်ဖြည့်ပေးတဲ့အလှူလေးပါ… လှူဒါန်းမှူအစုစုအတွက်နတ်လူသာဓုခေါ်ပါစေသော်” ဆိုပြီး မျှဝေခဲ့ပါတယ်။နေ့စဉ်ဖြတ်သန်းသွားလာသူတွေ

အဆင်ပြေပြေ စိတ်ချမ်းသာစွာနဲ့ သွားနိုင်ဖို့ ရည်ရွယ်ပြီး လှူခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ လမ်းအလှူကတော့ တကယ်ကို မွန်မြတ်တဲ့အလှူလေးပါပဲ ပရိသတ်ကြီးရေ… အများကောင်းကျိုး အမြဲကြည့်တတ်တဲ့သူတစ်ယောက်မို့ လုပ်ငန်းတွေ ဒီထက်မက အဆင်ပြေပြီး လိုအပ်နေသူတွေကို များများကူညီနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Myo Minn Soe | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *