ရန်အောင်ဆီက ရခဲ့တဲ့ လက်ဆောင်လေးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ အေးသီတာ
Read in UNICODE
ကျရာဇာတ်ရုပ်တိုင်း ပီပြင်အောင် သရုပ်ဆောင်တတ်သူ ဇာတ်ပို့သရုပ်ဆောင် အေးသီတာကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အေးသီတာကတော့ အနုပညာကို နှစ်သက်ပြီး ဇာတ်ရုပ်တိုင်းအတွက် အကောင်းဆုံးဖြစ်အောင် ဇာတ်ဆောင်တွေကို အနောက်ကနေ ပံ့ပိုးနေတဲ့ အကောင်းဆုံး
ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်.။ လက်ရှိ အိမ်မှာနားနေရတဲ့ အချိန်လေးမှာ ဝမ်းရေးအတွက် မုန့်ဟင်းခါးရောင်းချနေတဲ့ အွန်လိုင်းဈေးသည်အနေနဲ့ လုပ်ဆောင်နေပြီး အနုပညာကို နှစ်သက်သလိုပဲ ဝမ်းရေးအတွက် လိုအပ်တော့လည်း အလုပ်မရွေးကြိုးစားလုပ်ကိုင်နေသူပါ.။ ဒီနေ့ ဇွန်လ (၁၅)ရက်နေ့မှာတော့
အေးသီတာက အနုပညာလောကသားအချင်းချင်းနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မင်းသားကြီး ရန်အောင်ဆီကနေ ရရှိတဲ့ Mask လက်ဆောင်လေးနဲ့ ရိုက်ထားတဲ့ ပုံလေးကို “ချစ်သော အကိုဆီက ရခဲ့ပြီ..။Thanks အကို” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ
တင်လာခဲ့ပါတယ်.။ အစ်ကိုလို ချစ်ခင်လေးစားအားကျရတဲ့ အနုပညာရှင် မင်းသား ရန်အောင်ဆီက ရရှိခဲ့တဲ့ Mask လက်ဆောင်လေးကြောင့် အေးသီတာကတော့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း အကယ်ဒမီများရှင် မင်းသားကြီး ရန်အောင်နဲ့ သရုပ်ဆောင် အေးသီတာတို့ကို ချစ်ခင်အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source: Aye Thida’s Facebook
Add a Comment
Your email address will not be published. Required fields are marked *