အမေရိကန်မှာ ကျောင်းတက်ခဲ့စဉ်က အမှတ်တရပုံလေးတွေ မျှဝေခဲ့တဲ့ ခင်သဇင်





Read in UNICODE

ကျစ်လျစ်သွယ်လျတဲ့ဘော်ဒီလေးကိုပိုင်ဆိုင်ထားပြီး ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရင်ထဲအချိန်တိုအတွင်းရောက်ရှိလာတဲ့ မင်းသမီးချောလေးခင်သဇင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာအခုလက်ရှိပြသနေတဲ့ အချစ်ဖွဲ့လေညင်းဆိုတဲ့

ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဒေါ်မိုးကလျာအနေနဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်ထားနိုင်တဲ့သူပါ။ ခင်သဇင်ဟာအနုပညာလမ်းကြောင်းပေါ်မရောက်ခင်ကလည်း လေယာဉ်မယ်အနေနဲ့ အလုပ်လုပ်ခဲ့တဲ့သူလေးပါ။ အခုလက်ရှိမှာဆိုရင်လည်း ခင်သဇင်ဟာ

ဂဏန်းချဉ်စပ်၊ဂဏန်းမာဆလာဟင်းများကို ကိုယ်တိုင်ချက်ကာ ရောင်းချနေတာဖြစ်ပြီး ရရှိတဲ့အမြတ်ငွေတွေကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်နော်။ ခင်သဇင်ဟာ အနုပညာမှာထူးချွန်တဲ့သူဖြစ်ရုံသာမက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “လွန်ခဲ့တဲ့ ၃ နှစ်….အမေရိကားမှာ

စီးပွါးရေး ဘွဲ့လွန်ပညာ( M BA) ကျောင်း သွားတတ်တုန်းက ပုံလေးတွေ ပြန်တက်လာလို့ . အလွမ်းပြေ ပြန် share ပါသည်… လွမ်းတယ် U.S ရေ … covid ကြီးတွေ ပြီးရင် ပြန်သွားချင်ပါတယ်” ဆိုတဲ့ captionလေးနဲ့ USကပုံလေးတွေကို ပြန်လည်မျှဝေပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khin Thazin’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *