အိမ်ထောင်တစ်ခု ရေရှည်တည်တံ့ဖို့ အရေးကြီးပြီး တကယ်လိုအပ်တဲ့ အရာတွေ ပြောပြခဲ့တဲ့ ပိုးအိအိခန့်





Read in UNICODE

ပိုးအိအိခန့်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပိုးအိအိခန့်ကတော့ အဆိုပိုင်းမှာလည်း ကျွမ်းကျင်သလို သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိ သရုပ်ဆောင်နိုင်သူပဲဖြစ်ပါတယ်.။ လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့

သားလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ.။ ပိုးအိအိခန့်ကတော့ သူမတို့ မိသားစုရဲ့ ပုံရိပ်လေးတွေနဲ့ သားလေးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ မိခင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေထဲက မိခင်တွေအတွက် သူမသိသလောက် ဗဟုသုတလေးတွေကို မျှဝေလေ့ရှိပြီး အိမ်ထောင်ရှင်မိန်းမတစ်ယောက်အနေနဲ့လည်း

ကိုယ်တိုင်တည်ဆောက်ထားတဲ့ မိသားစုဘဝလေးကို ထိန်းသိမ်းတဲ့ အကြောင်းလေးတွေကို ရင်ဖွင့် မျှဝေတင်လေ့ရှိပါသေးတယ်.။ ဒီနေ့ ဇွန်လ (၁၅)ရက်နေ့မှာတော့ ပိုးအိအိခန့်က အိမ်ထောင်တစ်ခုမှာ ရှိသင့်တဲ့ အရေးကြီးဆုံး အရာလေးတွေအကြောင်းကို “အိမ်ထောင်တစ်ခုမှာ အရေးကြီးဆုံးက “love & respect “ သိပ်မှန်တာပဲ။ respect မရှိရင် ဘယ်လို relationship မျိုးမှ ပေါင်းစပ်လို့မရဘူးလို့ထင်တယ်” ဆိုပြီး

သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပိုးအိအိခန့်က အိမ်ထောင်တစ်ခုဟာ အမြဲတမ်း ပျော်ရွှင်နေတဲ့ မိသားစုမဟုတ်ပေမယ့် ပျော်ရွှင်မှုတွေနဲ့ အေးချမ်းမှုတွေကို ရရှိနိင်ဖို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အချစ်နဲ့ လေးစားမှုတွေကို ပေးကာ တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းလေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးထဲမှာ ပိုးအိအိခန့်ရဲ့ အတွေးအမြင်လေးနဲ့ ထပ်တူကျတဲ့ အတွေးပိုင်ရှင်လေးတွေရှိရင်လည်း မှတ်ချက်လေးတွေနဲ့ အားပေးသွားကြပါဦးနော်.။

Source : Poe Ei Ei Khant’s Facebook

Add a Comment

Your email address will not be published. Required fields are marked *