ကိုယ်ပိုင်မိသားစုရှိပေမယ့်လဲ အမေဖြစ်သူ လိုအပ်တာတွေ ဝယ်ဖို့ (၁၅)ရက်တခါ သွားကန်တော့ဖြစ်တယ်ဆိုတဲ့ ကေညီ





Read in UNICODE

ကေညီကတော့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ဇာတ်ကားတွေ များစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူပါ..။ ရယ်စရာဟာသဇာတ်ရုပ်တွေမှာလည်း ပရိသတ်တွေကို သဘောကျစေသလို ချစ်စရာသားလေးတွေနဲ့အတူ

ကြည်နူးပျော်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ကေညီကတော့ ဌာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို အနုပညာလှုပ်ရှားမှုတွေအပြင် သူ့ရဲ့မိသားစုပုံရိပ်လေးတွေကိုလည်း

ဝေမျှလေ့ရှိသူပဲ ဖြစ်ပါတယ်..။ အခုတစ်ခါမှာလည်း အိမ်ထောင်ပြုကာ ကိုယ်ပိုင်မိသားစုဘဝလေး ရှိနေပြီဖြစ်ပေမယ့်လည်း မိခင်ဖြစ်သူအတွက်လည်း သားတစ်ယောက်တာဝန်မလစ်ဟင်းအောင် ပြုစုစောင့်ရှောက်နေသူလည်း ဖြစ်ပါတယ်နော်..။ (၁၅)ရက်တစ်ခါ မိခင်ဖြစ်သူ လိုအပ်တာသုံးဖို့အတွက် သွားရောက်ကန်တော့ဖြစ်နေပြီး

ကြည်နူးစရာသားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကလည်း တကယ့်ကို ပီတိဖြစ်ပျော်စရာလေးပါပဲ ပရိသတ်ကြီးရေ..။ “အမေ့ကိုသွားကန်တော့တယ် ၁၅ရက်တစ်ခါ အမေလိုအပ်တာသုံးဖို့ ကန်တော့ဖြစ်တယ်.. အမေကျမ်းမာသက်ရှည်ပါစေ..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေထားဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာပါ..။

Source : K Nyi’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *