စံပယ်ပန်းရောင်းတဲ့ ကလေးတအုပ်ရဲ့ အေးချမ်းတဲ့ အပြုံးတွေကြောင့် သူကိုယ်တိုင်ပါ ပျော်ရွှင်အေးချမ်းခဲ့တယ်ဆိုတဲ့ အောင်ရဲလင်း
Read in UNICODE
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသး ချော အောင်ရဲလင်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အောင်ရဲလင်းကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို လွှမ်းမိုးထားတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရမှာပါ.။ အောင်ရဲလင်းကတော့ သူ့ရဲ့ အနုပညာတွေကို အကောင်းဆုံး
ချပြနိုင်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာပါ စွဲထင်ကျန်ရစ်စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးမျိုးတွေကို ရိုက်ကူးချင်တာကြောင့် ရုပ်ရှင်ကားရိုက်တာတွေမှာ ကျဲသွားပြီး ဓာတ်ပုံနဲ့ ကြော်ငြာတွေကို ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူပါ.။ ကြည့်ကောင်းတဲ့ ဘော်ဒီပုံစံရရှိဖို့အတွက်ကိုလည်း အမြဲတမ်း
လေ့ကျင့်လုပ်ဆောင်နေပြီး နေ့ရက်တိုင်းကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနေသူပါ.။ ဒီနေ့ ဇွန်လ (၁၅)ရက်နေ့မှာတော့ အောင်ရဲလင်းက ကားပေါ်ကနေ ပြုံးချိုကာ အပြစ်ကင်းစင်တဲ့ ကလေးလေးတွေနဲ့ အတူတူ ရိုက်ထားတဲ့ ပုံလေးကို “Meet these peaceful Smiles!. Make it a better place. Spread love.” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ
တင်လာခဲ့ပါတယ်.။ ရိုးရှင်းပြီး အေးချမ်းတဲ့ အပြုံးပိုင်ရှင်ကလေးလေးတွေကြောင့် အောင်ရဲလင်းတစ်ယောက် သူကိုယ်တိုင်ပါ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုတွေကို ရရှိခဲ့တဲ့ ပုံပါပဲနော်…ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ရိုးရှင်းပြီး အေးချမ်းတဲ့ ကလေးလေးတွေကို နှစ်သက်သူ အောင်ရဲလင်းကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေမှာ ရေးပေးသွားပါဦးနော်.။
Source : Aune Ye Lin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *