အလုပ်ကြမ်း နဲ့ ပန်းရံသမားတွေကို မုန့်ဖို့တွေ ပေးဝေပြီး အလှူ ပြုလုပ်ခဲ့တဲ့ စည်ဖြိုးတို့ သားအမိ





Read in UNICODE

စည်ဖြိုးကတော့ ထူးခြားတဲ့နာမည်လေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်အားပေးမှုရရှိလာတဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။ ဗီဒီယိုဇာတ်ကားတွေလည်းများစွာရိုက်ကူးခဲ့ပြီး MRTV4 မှာပြသခဲ့တဲ့”အလင်းထဲကလူ”ဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်တွေ

အားပေးဝန်းရံခဲ့ရတဲ့ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ လက်ရှိအချစ်ရေးကတော့ ချစ်သူခင်လွှမ်းနဲ့အတူ ပရိသတ်အားကျရတဲ့ စုံတွဲလေးအဖြစ် မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေပြုလုပ်တတ်တဲ့ သဒ္ဒါတရားထက်သန်လွန်းတဲ့မင်းသားတစ်ယောက်လို့

ပြောရင်လည်း မှားမယ်မထင်ပါဘူးနော် ။ ဒီနေ့မှာလည်း ” ဆရာတော်ကြီး မေတ္တာကြီးတယ် ပျော်ရွှင်ခင်မင်တတ်တယ်..မင်္ဂလာပါ.. ဆရာတော်ကြီးရော မေကြီးရော သက်ရှည်ကျန်းမာပြီး..သံသရာတစ်လျှောက် ကုသိုလ်ထူးလို့သာသနာဆက်ပြုနိုင်ပါစေ”

ဆိုတဲ့စာလေးနဲ့အတူ သူ့ရဲ့မိခင်ကြီးက ပန်းရံအလုပ်ကြမ်းသမားတွေကို မုန့်ဖိုးပေးလှူခဲ့တဲ့ပုံရိပ်လေးတွေကို ဗီဒီယိုဖိုင်နဲ့တကွဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးလည်း စည်ဖြိုးတ်ု့မိသားစုရဲ့ကုသိုလ်ကောင်းမှုတွေအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Source : Si Phyo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *