ခ်စ္သူနဲ႔ Covid ကာလမွာ သိပ္မေတြ႕ျဖစ္ဘူးဆိုတဲ့ ေကာင္းျပည့္

ေကာင္းျပည့္ နဲ႔ သႏၲာဗိုလ္တို႔ ခ်စ္သူ ႏွစ္ဦးကေတာ့ ခ်စ္သူသက္တမ္း(၈) ႏွစ္ရွိၿပီျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေကာင္းျပည့္ဟာ ခ်စ္သူေလးနဲ႔ မဂၤလာေဆာင္ဖို႔ စိတ္ကူးထားၿပီလို႔ ေျပာျပလာပါတယ္။ “ မဂၤလာေဆာင္ဖို႔ စိတ္ကူးထားတာေလးေတြက ရွိပါၿပီ။ ဒါေပမယ့္ ဖြင့္မေျပာျပခ်င္ေသးဘူး။ ေျပာျပလို က္ရင္လည္း စိတ္ကူးထားတာ

သိသြားရင္ ဘာမွ မထူးဘူးေလ ဒါေၾကာင့္ မေျပာျပတာပါ” ဆိုၿပီးေတာ့ ဇြန္လ (၁၀) ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀)ျပည့္ ႐ိုက္ကူးေရး မွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။ သူတို႔ ခ်စ္သူ ႏွစ္ဦးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲတမ္း Surprise ေတြ လုပ္တတ္လြန္းလို႔ အားက်ရတဲ့ အႏုပညာရွင္ စုံတြဲ တစ္တြဲဆိုရင္လည္း မမွားပါဘူး။ လက္ရွိမွာေတာ့ COVID-19 ကာလျဖစ္တာေၾကာင့္

တစ္ေယာက္နဲ႔ တစ္ေယာက္ အၿမဲတမ္း မေတြ႕ျဖစ္ဘူးလို႔ ေကာင္းျပည့္က ေျပာပါတယ္။ ခ်စ္သူကို လြမ္းတဲ့အေၾကာင္းေတြလည္း ဆက္လက္ ေျပာျပထားပါေသးတယ္။ “ Stay Home ကာလလည္းျဖစ္ေတာ့ သူနဲ႔ သိပ္မေတြ႕ျဖစ္ဘူး။ နည္းနည္းအေရးအေၾကာင္းရွိမွသာ သြားေတြ႕ျဖစ္တာမ်ားတယ္။ လြမ္းတာေတာ့

လြမ္းတာေပါ့ေနာ္ Video Call ပုံမွန္ေျပာျဖစ္တယ္။ လြမ္းေပမယ့္လည္း ေသခ်ာေတာ့ ဂ႐ုစိုက္ရမယ္ေလ။ ကိုယ့္တစ္ေယာက္အတြက္နဲ႔ သူမ်ားေတြကို ဒုကၡမေရာက္ေစခ်င္ဘူး။ ဒီေတာ့ ကိုယ့္စိတ္ကိုယ္ ၿမိဳသိပ္ၿပီးေနရမွာေပါ့” လို႔ ဆိုပါတယ္။ေကာင္းျပည့္နဲ႔ သႏၲာဗိုလ္တို႔ ခ်စ္သူႏွစ္ေယာက္ကိုေတာ့

ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ စုံတြဲေလးဟာ ဗီဒီယိုဇာတ္ကားေတြမွာလည္း အတူတြဲၿပီးသ႐ုပ္ေဆာင္ ေနရတာ ျဖစ္ပါတယ္။ သူတို႔ခ်စ္သူႏွစ္ဦးဟာ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ဆိုတဲ့ စုံတြဲေလးပါ။ အားေပးၾကတဲ့ ပရိသတ္ေတြရွိသလို ေဝဖန္မႈေတြနဲ႔ တိုက္ခိုက္ၾကတဲ့ ပရိသတ္ေတြလည္း ရွိခဲ့ပါတယ္။

Read in UNICODE

ကောင်းပြည့် နဲ့ သန္တာဗိုလ်တို့ ချစ်သူ နှစ်ဦးကတော့ ချစ်သူသက်တမ်း(၈) နှစ်ရှိပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ကောင်းပြည့်ဟာ ချစ်သူလေးနဲ့ မင်္ဂလာဆောင်ဖို့ စိတ်ကူးထားပြီလို့ ပြောပြလာပါတယ်။ “ မင်္ဂလာဆောင်ဖို့ စိတ်ကူးထားတာလေးတွေက ရှိပါပြီ။ ဒါပေမယ့် ဖွင့်မပြောပြချင်သေးဘူး။ ပြောပြလို က်ရင်လည်း စိတ်ကူးထားတာ

သိသွားရင် ဘာမှ မထူးဘူးလေ ဒါကြောင့် မပြောပြတာပါ” ဆိုပြီးတော့ ဇွန်လ (၁၀) ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀)ပြည့် ရိုက်ကူးရေး မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း Surprise တွေ လုပ်တတ်လွန်းလို့ အားကျရတဲ့ အနုပညာရှင် စုံတွဲ တစ်တွဲဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာတော့ COVID-19 ကာလဖြစ်တာကြောင့်

တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း မတွေ့ဖြစ်ဘူးလို့ ကောင်းပြည့်က ပြောပါတယ်။ ချစ်သူကို လွမ်းတဲ့အကြောင်းတွေလည်း ဆက်လက် ပြောပြထားပါသေးတယ်။ “ Stay Home ကာလလည်းဖြစ်တော့ သူနဲ့ သိပ်မတွေ့ဖြစ်ဘူး။ နည်းနည်းအရေးအကြောင်းရှိမှသာ သွားတွေ့ဖြစ်တာများတယ်။ လွမ်းတာတော့

လွမ်းတာပေါ့နော် Video Call ပုံမှန်ပြောဖြစ်တယ်။ လွမ်းပေမယ့်လည်း သေချာတော့ ဂရုစိုက်ရမယ်လေ။ ကိုယ့်တစ်ယောက်အတွက်နဲ့ သူများတွေကို ဒုက္ခမရောက်စေချင်ဘူး။ ဒီတော့ ကိုယ့်စိတ်ကိုယ် မြိုသိပ်ပြီးနေရမှာပေါ့” လို့ ဆိုပါတယ်။ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်ကိုတော့

ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ စုံတွဲလေးဟာ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *