လွိုင္သာယာ ျပည္သူ႔ေဆးရံုႀကီးက လူနာ နဲ႔ က်န္းမာေရးဝန္ထမ္းေတြအတြက္ အလွဴအတန္းေတြ ျပဳလုပ္ခဲ့ျပန္တဲ့ ခန္႔စည္သူ

အကယ္ဒမီသ႐ုပ္ေဆာင္ ခန႔္စည္သူကေတာ့ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြနဲ႔အတူ ဆယ္စုႏွစ္ေတြမက ေအာင္ျမင္မႈေတြရရွိထားသူပဲ ျဖစ္ပါတယ္ေနာ္..။ ပီျပင္တဲ့ ဇာတ္႐ုပ္ေတြေၾကာင့္လည္း ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈေတြ မ်ားစြာရရွိထားတဲ့ ကိုခန႔္ကေတာ့ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေလ့ရွိသူလည္း ျဖစ္ပါတယ္ေနာ္..။ အခုတစ္ခါမွာလည္း လႈိင္သာယာျပည္သူ႔ေဆး႐ုံႀကီးမွာ

တာဂန္ထမ္းေဆာင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေဆးကုသမႈခံယူေနၾကတဲ့ လူနာေတြအတြက္ အျခားအႏုပညာရွင္ေတြနဲ႔အတူ လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္ေနာ္..။ “ယေန႔အလႉ…. လွိူင္သာယာျပည္သူ႔ေဆး႐ုံႀကီးတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ ဆရာဝန္မ်ား၊သူနာျပဳမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းအေယာက္ (၁၀၀)အတြက္ ဘုရားစာအုပ္မ်ားႏွင့္ ဝင္းစႏၵာအညာထမင္းဝိုင္းမွ ထမင္းႏွင့္ဟင္းမ်ားကို

သြားေရာက္လႉဒါန္းခဲ့ၾကပါတယ္။ တက္ေရာက္ကုသေနၾကေသာ လူနာမ်ားအတြက္ ေမႊးဆပ္ျပာခဲမ်ား၊ ဆပ္ျပာဆီမ်ား၊ Hand gelမ်ား၊ မိုးတြင္းစီးဖိနပ္မ်ား၊ ကယ္လ္စီယမ္ေကြကာထုပ္မ်ား၊ ေ႐ႊပုစြန္ ငါးရံ႕ေျခာက္ေထာင္းေၾကာ္မ်ား၊ မုန႔္မ်ား၊ ေသာက္ေရသန႔္မ်ား၊ သြားတိုက္ေဆးမ်ား၊ လူနာတစ္ဦးခ်င္းစီအတြက္ အလႉေငြမ်ားကို မိမိတို႔ႏိုင္သေလာက္သြားေရာက္လႉဒါန္းခဲ့ၾကရာမွာ

ေဆး႐ုံအုပ္ႀကီး Dr. ဆန္းလြင္ဦး၊ မ်က္စိအထူးကုဆရာဝန္ႀကီး Dr. ကိုကိုသန္း၊ အထူးကုဆရာဝန္ႀကီး(ေဆးပညာ) Dr. ခင္ဇာလႈိင္ တို႔မွလက္ခံေပးခဲ့ၾကပါတယ္..” ဆိုၿပီး အလႉအမွတ္တရ ပုံရိပ္ေလးေတြကို ေဝမွ်ထားတာပဲ ျဖစ္ပါတယ္ေနာ္..။ “လႉဒါန္းရန္ စီစဥ္ေပးပါေသာ ဝင္းစႏၵာအညာထမင္းဝိုင္းမိသားစု၊သမားေတာ္ႀကီး(ေဆးပညာ)Dr. ခင္ဇာလႈိင္ ႏွင့္ ဝိုင္းဝန္းလႉဒါန္းေပးၾကပါေသာ အလႉရွင္မ်ားအားလုံးကို

ေက်းဇူးအထူးပဲတင္ရွိပါတယ္ခင္ဗ်ာ။ လႉဒါန္းလိုပါက…….. Dr. ဆန္းလြင္ဦး (ေဆး႐ုံအုပ္ႀကီး)လႈိင္သာယာျပည္သူ႔ေဆး႐ုံ – (09)5093878 သို႔ဆက္သြယ္လႉဒါန္းကုသိုလ္ယူႏိုင္ၾကပါတယ္ခင္ဗ်ာ။..” ဆိုၿပီး ေက်းဇူးတင္စကားေလးနဲ႔အတူ လႉဒါန္းလိုတဲ့ အလႉရွင္ေတြအတြက္လည္း မွ်ေဝေျပာျပထားပါေသးတယ္ေနာ္..။ ခန႔္စည္သူရဲ႕ အလႉအမွတ္တရပို႔စ္ေလးေအာက္မွာေတာ့ ပရိသတ္ေတြကလည္း ဝမ္းသာအားရ သာဓုေခၚဆုေတာင္းစကားေလးေတြကိုလည္း ၾကည္ၾကည္ႏူးႏူးေလး ေျပာထားၾကတာလည္း ေတြ႕ရပါတယ္ေနာ္..။

Read in UNICODE

အကယ်ဒမီသရုပ်ဆောင် ခန့်စည်သူကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ ဆယ်စုနှစ်တွေမက အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်နော်..။ ပီပြင်တဲ့ ဇာတ်ရုပ်တွေကြောင့်လည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေ များစွာရရှိထားတဲ့ ကိုခန့်ကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်နော်..။ အခုတစ်ခါမှာလည်း လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ

တာဂန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူနေကြတဲ့ လူနာတွေအတွက် အခြားအနုပညာရှင်တွေနဲ့အတူ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်နော်..။ “ယနေ့အလှူ…. လှိူင်သာယာပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းအယောက် (၁၀၀)အတွက် ဘုရားစာအုပ်များနှင့် ဝင်းစန္ဒာအညာထမင်းဝိုင်းမှ ထမင်းနှင့်ဟင်းများကို

သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ တက်ရောက်ကုသနေကြသော လူနာများအတွက် မွှေးဆပ်ပြာခဲများ၊ ဆပ်ပြာဆီများ၊ Hand gelများ၊ မိုးတွင်းစီးဖိနပ်များ၊ ကယ်လ်စီယမ်ကွေကာထုပ်များ၊ ရွှေပုစွန် ငါးရံ့ခြောက်ထောင်းကြော်များ၊ မုန့်များ၊ သောက်ရေသန့်များ၊ သွားတိုက်ဆေးများ၊ လူနာတစ်ဦးချင်းစီအတွက် အလှူငွေများကို မိမိတို့နိုင်သလောက်သွားရောက်လှူဒါန်းခဲ့ကြရာမှာ

ဆေးရုံအုပ်ကြီး Dr. ဆန်းလွင်ဦး၊ မျက်စိအထူးကုဆရာဝန်ကြီး Dr. ကိုကိုသန်း၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ) Dr. ခင်ဇာလှိုင် တို့မှလက်ခံပေးခဲ့ကြပါတယ်..” ဆိုပြီး အလှူအမှတ်တရ ပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။ “လှူဒါန်းရန် စီစဉ်ပေးပါသော ဝင်းစန္ဒာအညာထမင်းဝိုင်းမိသားစု၊သမားတော်ကြီး(ဆေးပညာ)Dr. ခင်ဇာလှိုင် နှင့် ဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကို

ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ လှူဒါန်းလိုပါက…….. Dr. ဆန်းလွင်ဦး (ဆေးရုံအုပ်ကြီး)လှိုင်သာယာပြည်သူ့ဆေးရုံ – (09)5093878 သို့ဆက်သွယ်လှူဒါန်းကုသိုလ်ယူနိုင်ကြပါတယ်ခင်ဗျာ။..” ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့အတူ လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက်လည်း မျှဝေပြောပြထားပါသေးတယ်နော်..။ ခန့်စည်သူရဲ့ အလှူအမှတ်တရပို့စ်လေးအောက်မှာတော့ ပရိသတ်တွေကလည်း ဝမ်းသာအားရ သာဓုခေါ်ဆုတောင်းစကားလေးတွေကိုလည်း ကြည်ကြည်နူးနူးလေး ပြောထားကြတာလည်း တွေ့ရပါတယ်နော်..။

Source : Kyaw Soe Win’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *