ကေလးအေဖတစ္ေယာက္ ျဖစ္ေတာ့မယ့္အေၾကာင္း ဝမ္းသာအားရ ေျပာျပခဲ့တဲ့ စိုးရန္ေအာင္

သက္သခင္ကေတာ့ ကိုယ္ဝန္လြယ္ထားရၿပီလို႔ ခင္ပြန္းျဖစ္သူ သ႐ုပ္ေဆာင္ စိုးရန္ေအာင္က ေျပာပါတယ္။ သူကေတာ့ ဖခင္တစ္ေယာက္ျဖစ္ေတာ့မွာမို႔ ဝမ္းသာေနတယ္လို႔ ဆိုပါတယ္။ ” Change Of life; မၾကာခဏေပါ့ဗ်ာ.. ပြဲေတြမွာ မီဒီယာေတြနဲ႔ေတြ႕တိုင္း ကြၽန္ေတာ္တို႔လင္မယားကို“ကေလးမယူေသးဘူးလား ? ၊ ဘာလို႔လဲ မယူတာလား ? “ တဲ့ေလ။ မိတ္ေဆြသူငယ္ခ်င္းေဆြမ်ိဳးမ်ားနဲ႔ဆုံရင္လည္း

အဲဒီအတိုင္းပဲေမးၾကေလေတာ့ “ဟုတ္ကဲ့ ကြၽန္ေတာ္ႀကိဳးစားပါ့မယ္” ဆိုၿပီးေျဖခဲ့မိတာေပါ့ ျပန္ေတြးၾကည့္ေတာ့ ခပ္ရွက္ရွက္ရယ္။ ဟုတ္ကဲ့ အခုအေျဖေျပာင္းၿပီးေျဖေပးပါ့မယ္။ မၾကာခင္ ကြၽန္ေတာ္ဖခင္ျဖစ္ပါေတာ့မယ္ဗ်ာ!!! ကြၽန္ေတာ္တို႔ရဲ႕ မိဘေတြ အဘိုးအဘြားစာရင္းဝင္လို႔ အကိုေတြ ဘႀကီးျဖစ္ၿပီေပါ့ဗ်ာ …!!! မိန္းမေရ ေက်းဇူးပါကြာ” ဆိုၿပီးေတာ့ ဇြန္လ (၁၄) ရက္ေန႔ ည ၇ နာရီေက်ာ္က

သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း ဝမ္းသာမဆုံးျဖစ္လို႔ေနပါတယ္။ စိုးရန္ေအာင္နဲ႔ သက္သခင္ တို႔ဟာ ၂၀၁၈ ခုႏွစ္ ၊ ေမလ ၆ ရက္ေန႔ မွာ Melia Hotel မွာ မဂၤလာအခမ္းအနား က်င္းပခဲ့တာျဖစ္ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံဟာ ၂၀၁၇ ခုႏွစ္ ၉ လပိုင္း ၁၁ ရက္ေန႔မွာ ေစ့စပ္ပြဲက်င္းပခဲ့တာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဧၿပီလ (၆) ရက္ေန႔က

ေအာင္ေျမဘုံသာ သွ်မ္းေက်ာင္း မွာ မဂၤလာဦးဆြမ္းေကြၽးအလႉျပဳခဲ့ၾကတာပါ။ လက္ရွိမွာေတာ့ ကိုယ္ပိုင္စီးပြားေရး တစ္ခု အေနနဲ႔ My’s Pizza ဆိုတဲ့ ဆိုင္ေလးလည္း ဖြင့္လွစ္ထားတာ ေတြ႕ရပါတယ္။ စိုးရန္ေအာင္ နဲ႔ သက္သခင္တို႔ ဇနီးေမာင္ႏွံဟာ အႏုပညာရွင္ေတြ ျဖစ္ၾကပါတယ္။ ႏွစ္ေယာက္စလုံးကလည္း အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာပါ။ သက္သခင္ကိုေတာ့ ပရိသတ္ေတြကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ စတင္အားေပးလာခဲ့တာ ျဖစ္ပါတယ္။ စိုးရန္ေအာင္ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာပါ။

Read in UNICODE

သက်သခင်ကတော့ ကိုယ်ဝန်လွယ်ထားရပြီလို့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် စိုးရန်အောင်က ပြောပါတယ်။ သူကတော့ ဖခင်တစ်ယောက်ဖြစ်တော့မှာမို့ ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ ” Change Of life; မကြာခဏပေါ့ဗျာ.. ပွဲတွေမှာ မီဒီယာတွေနဲ့တွေ့တိုင်း ကျွန်တော်တို့လင်မယားကို“ကလေးမယူသေးဘူးလား ? ၊ ဘာလို့လဲ မယူတာလား ? “ တဲ့လေ။ မိတ်ဆွေသူငယ်ချင်းဆွေမျိုးများနဲ့ဆုံရင်လည်း

အဲဒီအတိုင်းပဲမေးကြလေတော့ “ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” ဆိုပြီးဖြေခဲ့မိတာပေါ့ ပြန်တွေးကြည့်တော့ ခပ်ရှက်ရှက်ရယ်။ ဟုတ်ကဲ့ အခုအဖြေပြောင်းပြီးဖြေပေးပါ့မယ်။ မကြာခင် ကျွန်တော်ဖခင်ဖြစ်ပါတော့မယ်ဗျာ!!! ကျွန်တော်တို့ရဲ့ မိဘတွေ အဘိုးအဘွားစာရင်းဝင်လို့ အကိုတွေ ဘကြီးဖြစ်ပြီပေါ့ဗျာ …!!! မိန်းမရေ ကျေးဇူးပါကွာ” ဆိုပြီးတော့ ဇွန်လ (၁၄) ရက်နေ့ ည ၇ နာရီကျော်က

သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံကို ချစ်တဲ့ ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ စိုးရန်အောင်နဲ့ သက်သခင် တို့ဟာ ၂၀၁၈ ခုနှစ် ၊ မေလ ၆ ရက်နေ့ မှာ Melia Hotel မှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၇ ခုနှစ် ၉ လပိုင်း ၁၁ ရက်နေ့မှာ စေ့စပ်ပွဲကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ (၆) ရက်နေ့က

အောင်မြေဘုံသာ သျှမ်းကျောင်း မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုခဲ့ကြတာပါ။ လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခု အနေနဲ့ My’s Pizza ဆိုတဲ့ ဆိုင်လေးလည်း ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ စိုးရန်အောင် နဲ့ သက်သခင်တို့ ဇနီးမောင်နှံဟာ အနုပညာရှင်တွေ ဖြစ်ကြပါတယ်။ နှစ်ယောက်စလုံးကလည်း အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။ သက်သခင်ကိုတော့ ပရိသတ်တွေကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်အားပေးလာခဲ့တာ ဖြစ်ပါတယ်။ စိုးရန်အောင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *