မင္းသား နဲ႔ ဦးဇင္း ဘယ္ဘဝကို လိုခ်င္လဲဆိုတဲ့ ေမးခြန္းကို ေသခ်ာေျဖၾကားခဲ့တဲ့ တစ္ခ်ိန္က မင္းသားႀကီး ဦးေက်ာ္ဟိန္း

ဒိတ္ဒိတ္ႀကဲေအာင္ျမင္ေက်ာ္ၾကားမႈေတြကို စြန္႔လႊတ္ၿပီး ရဟန္းဘဝနဲ႔ တရားအားထုတ္ေနတဲ့ မင္းသားႀကီးဦးေက်ာ္ဟိန္းရဲ႕အႏုပညာေတြကိုေတာ့ ပရိသတ္ေတြမွတ္မွတ္ထင္ထင္ရွိၾကမွာပါ။ ဦးေက်ာ္ဟိန္းကေတာ့ သူအႏုပညာေလာက ကစြန္႔ခြာမယ့္ေန႔ကို (၂၀၀၈) ခုႏွစ္ေရာက္ရင္ ေက်ာ္ဟိန္းဘဝကို စြန္႔လႊတ္ၿပီဆိုၿပီး (၂၀၀၀)ခုႏွစ္ကတည္းက ႀကိဳတင္ေၾကညာခဲ့သူပါ။ အခုခ်ိန္မွာေတာ့ သူေၾကညာခဲ့တဲ့အတိုင္းပဲ (၂၀၀၈) ခုႏွစ္

ႏိုဝင္ဘာ(၅)ရက္ေန႔မွစတင္ကာ ယေန႔အခ်ိန္ထိ စစ္မွန္ေအးခ်မ္းတဲ့ ရဟန္းဘဝနဲ႔ ၾသစေတးလ်ႏိုင္ငံမွာ သီတင္းသုံးလ်က္ရွိပါတယ္။ အႏုပညာေလာကက စြန္႔ခြာလိုက္ကတည္းက ဘာသတင္းမွမၾကားရေတာ့ေပမယ့္ လြန္ခဲ့တဲ့ရက္ပိုင္းကေတာ့ ဦးဇင္းကိတၳိသာရ ဘဝနဲ႔တရားအားထုတ္ေနတဲ့ ဦးဇင္းေက်ာ္ဟိန္းရဲ႕တရား ဗြီဒီယိုဖိုင္ကေတာ့ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ဒီဗြီဒီယိုဖိုင္ထဲမွာေတာ့

ဦးဇင္းကို ေနာက္ဘဝက်ရင္ေရာ မင္းသားဘဝလိုခ်င္လား .. ဦးဇင္းဘဝလိုခ်င္လား လို႔ ေမးခြန္းထုတ္ထားခဲ့တဲ့ ေမးခြန္းေလးကို မူတည္ၿပီး ဦးဇင္းကေတာ့ တစ္နာရီစာ တရားေဟာခဲ့ပါတယ္။ ဦးဇင္းရဲ႕ တရားထဲမွာေတာ့ ” ေက်ာ္ဟိန္းဘဝတုန္းက ဇြတ္တ႐ြတ္ေအာင္ျမင္ခ်င္တာပဲ သိတယ္.. ပညာမတတ္ဘူး.. ငါနံပါတ္(၁) ျဖစ္ရမယ္ဆိုတဲ့ စိတ္ပဲရွိတယ္။ အခန္းထဲမွာ တီဗြီ(၇) လုံးထားၿပီး အကုန္ၾကည့္တယ္..

ဘာမွျဖစ္မလာဘူး.. မေအာင္ျမင္ဘူး.. တစ္ခုတည္းပဲ ၾကည့္လို႔ရတယ္.. အဲ့အခ်ိန္မွာ စသိခဲ့တယ္.. စိတ္ဆိုတာ ဘယ္ေလာက္မ်ားမ်ား တစ္ခုပဲလုပ္တယ္.. အဲ့တစ္ခုကလည္း ခဏပဲ.. အဲ့အခ်ိန္မွာ ငါဘာေတြလုပ္ေနတာလဲ ဆိုတဲ့စိတ္ စဝင္လာတာပဲ… ေက်ာ္ဟိန္းဘဝကို စြန္႔လႊတ္ေတာ့မယ္လို႔ ေၾကညာလိုက္တဲ့အခါမွာလည္း လူေတြက ေက်ာ္ဟိန္းေတာ့ စတန္႔ထြင္ျပန္ၿပီ.. ဒီလူႀကီးကေျပာၿပီး လုပ္လည္းမလုပ္ဘူးကြာ

အဲ့လိုေျပာမွာေတြ… အဲ့ဒါပိုရွက္စရာေကာင္းတယ္.. အဲ့ဒီစကားေတြက ပိုၿပီးေတာ့ တြန္းအားေပးခဲ့တယ္.. လူတစ္ေယာက္က မေျပာခင္စဥ္းစား.. ေျပာၿပီးသြားရင္ ျဖစ္ေအာင္လုပ္ရမယ္” စတဲ့ ဦးဇင္းဘဝမေရာက္ခင္က အခ်ိန္ေတြအေၾကာင္းကို ျပန္ေျပာင္း ေျပာၾကားခဲ့တဲ့အျပင္ လာေရာက္ၾကတဲ့ တရားနာပရိသတ္ေတြအတြက္လည္း တရားေရေအး အၿမိဳက္ေဆးတိုက္ေကြၽးခဲ့တာမို႔ ၻပရိသတ္ႀကီးလည္း ဦးဇင္းကတၳိသာရရဲ႕တရားေတာ္ကို နာယူႏိုင္ဖို႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ပြီး ရဟန်းဘဝနဲ့ တရားအားထုတ်နေတဲ့ မင်းသားကြီးဦးကျော်ဟိန်းရဲ့အနုပညာတွေကိုတော့ ပရိသတ်တွေမှတ်မှတ်ထင်ထင်ရှိကြမှာပါ။ ဦးကျော်ဟိန်းကတော့ သူအနုပညာလောက ကစွန့်ခွာမယ့်နေ့ကို (၂၀၀၈) ခုနှစ်ရောက်ရင် ကျော်ဟိန်းဘဝကို စွန့်လွှတ်ပြီဆိုပြီး (၂၀၀၀)ခုနှစ်ကတည်းက ကြိုတင်ကြေညာခဲ့သူပါ။ အခုချိန်မှာတော့ သူကြေညာခဲ့တဲ့အတိုင်းပဲ (၂၀၀၈) ခုနှစ်

နိုဝင်ဘာ(၅)ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ စစ်မှန်အေးချမ်းတဲ့ ရဟန်းဘဝနဲ့ သြစတေးလျနိုင်ငံမှာ သီတင်းသုံးလျက်ရှိပါတယ်။ အနုပညာလောကက စွန့်ခွာလိုက်ကတည်းက ဘာသတင်းမှမကြားရတော့ပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ဦးဇင်းကိတ္ထိသာရ ဘဝနဲ့တရားအားထုတ်နေတဲ့ ဦးဇင်းကျော်ဟိန်းရဲ့တရား ဗွီဒီယိုဖိုင်ကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ထဲမှာတော့

ဦးဇင်းကို နောက်ဘဝကျရင်ရော မင်းသားဘဝလိုချင်လား .. ဦးဇင်းဘဝလိုချင်လား လို့ မေးခွန်းထုတ်ထားခဲ့တဲ့ မေးခွန်းလေးကို မူတည်ပြီး ဦးဇင်းကတော့ တစ်နာရီစာ တရားဟောခဲ့ပါတယ်။ ဦးဇင်းရဲ့ တရားထဲမှာတော့ ” ကျော်ဟိန်းဘဝတုန်းက ဇွတ်တရွတ်အောင်မြင်ချင်တာပဲ သိတယ်.. ပညာမတတ်ဘူး.. ငါနံပါတ်(၁) ဖြစ်ရမယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ အခန်းထဲမှာ တီဗွီ(၇) လုံးထားပြီး အကုန်ကြည့်တယ်..

ဘာမှဖြစ်မလာဘူး.. မအောင်မြင်ဘူး.. တစ်ခုတည်းပဲ ကြည့်လို့ရတယ်.. အဲ့အချိန်မှာ စသိခဲ့တယ်.. စိတ်ဆိုတာ ဘယ်လောက်များများ တစ်ခုပဲလုပ်တယ်.. အဲ့တစ်ခုကလည်း ခဏပဲ.. အဲ့အချိန်မှာ ငါဘာတွေလုပ်နေတာလဲ ဆိုတဲ့စိတ် စဝင်လာတာပဲ… ကျော်ဟိန်းဘဝကို စွန့်လွှတ်တော့မယ်လို့ ကြေညာလိုက်တဲ့အခါမှာလည်း လူတွေက ကျော်ဟိန်းတော့ စတန့်ထွင်ပြန်ပြီ.. ဒီလူကြီးကပြောပြီး လုပ်လည်းမလုပ်ဘူးကွာ

အဲ့လိုပြောမှာတွေ… အဲ့ဒါပိုရှက်စရာကောင်းတယ်.. အဲ့ဒီစကားတွေက ပိုပြီးတော့ တွန်းအားပေးခဲ့တယ်.. လူတစ်ယောက်က မပြောခင်စဉ်းစား.. ပြောပြီးသွားရင် ဖြစ်အောင်လုပ်ရမယ်” စတဲ့ ဦးဇင်းဘဝမရောက်ခင်က အချိန်တွေအကြောင်းကို ပြန်ပြောင်း ပြောကြားခဲ့တဲ့အပြင် လာရောက်ကြတဲ့ တရားနာပရိသတ်တွေအတွက်လည်း တရားရေအေး အမြိုက်ဆေးတိုက်ကျွေးခဲ့တာမို့ ပရိသတ်ကြီးလည်း ဦးဇင်းကတ္ထိသာရရဲ့တရားတော်ကို နာယူနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Mahar Channel | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *