အဖေဖြစ်သူ ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေလုံးဝမကောင်းလို့ စိတ်မကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်း
Read in UNICODE
အနုပညာလောကမှာ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသလူရွှင်တော် ဦးမန်းဝင်းကတော့ လတ်တလောမှာ ကျန်းမာရေးမကောင်းဖြစ်လို့ နေပါတယ်နော်..။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့်ခွဲစိတ်မှုတွေ ပြုလုပ်ထားတဲ့ ဦးမန်းဝင်းဟာ
ဆယ်ရက်ကျော်ကြာတဲ့အထိ သတိပြန်မရသေးတာမို့ မိသားစုတွေနဲ့ ပရိသတ်တွေက စိုးရိမ်စိတ်ပူနေကြပါတယ်နော်..။ ခွဲစိတ်မှုတွေ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပင်လုံဆေးရုံကနေ မြောက်ဥက္ကလာမေဓာဝီဆေးရုံကို ပြောင်းရွှေ့ခဲ့ကြပြီး ဆေးကုသမှုတွေဆက်လက်ခံယူခဲ့ပေမယ့်
ဦးမန်းဝင်းတစ်ယောက် သတိပြန်မရသေးတာကြောင့် အားလုံးက စိတ်ပူနေကြတာပါ..။ မိသားစုတွေကလည်း တော်တော်လေး စိတ်ပူနေကြရပြီး သမီးဖြစ်သူကြည်ဖြူမန်းဝင်းကလည်း ဖခင်ဖြစ်သူအတွက် စိတ်ပူကာ ရွှေတောင်ကြီး ပြိုတော့မယ်ဆိုပြီး စိတ်မကောင်းစွာ ပြောလာပါတယ်နော်..။ “ရွှေတောင်ကြီး ပြိုတော့မယ်။သမီးကြောက်တယ်
အဖေနဲ့အမေရယ်…” ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားဖြစ်ပြီး ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါနော်..။ ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံး နေပြန်ကောင်းလာစေဖို့ ပရိသတ်တွေအားလုံးကလည်း ဆုတောင်းစကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်နော်..။
Source : Kyi Phyu Mann Win’s & San San Phyu’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *