လက်တလော ရောင်းချနေတဲ့ ငပိလိမ္မာဘူးလေးတွေ ရောင်းရလွန်းလို့ အပျော်လွန်ပြီး လူးလှိမ့်နေတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်





Read in UNICODE

ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတဲ့ ပရိတ်သတ်တွေအားကျရတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာဆိုရင် မင်းသားချောပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်နော်။ သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့သားသမီးလေး

သုံးယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့မိသားစုလေးဟာ အမြဲတန်းမိသားစုစုံစုံလင်လင်နဲ့ အေးအေးချမ်းချမ်းနေလေ့ရှိတဲ့ အားကျစရာမိသားစုလေးဆိုလည်းမမှားပါဘူး။ ပိုင်ဇေရဲထွန်းဟာ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့သူဖြစ်ပြီး

ယနေ့ထိတိုင်ပရိတ်သတ်အားပေးချစ်ခင်မှုရရှိထားတာပါ။ ဒါ့ပြင် ဇနီးဖြစ်သူဇင်သဲနိုင်ဟာဆိုရင်လည်း အခုလက်ရှိမှာဆိုရင် အစားအသောက်တွေကို ကိုယ်တိုင်ပြုလုပ်ပြင်ဆင်ပြီး ရောင်းချနေတာပါ။ ဇင်သဲနိုင်ဟာ အခုလက်ရှိမှာငပိလိမ္မာဆိုတဲ့ ဟင်းဘူးလေးတွေကို ‌My taste by Thaeဆိုတဲ့

နာမည်လေးနဲ့ရောင်းချနေတာဖြစ်ပါတယ်။ အရသာထူးခြားကောင်းမွန်တာကြောင့် အော်ဒါတွေလည်းဆက်တိုက်တက်နေတာပါ။ မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာမှာ “ငပိလိမ္မာ အော်ဒါတွေကြည့်ပီး စိတ်လွတ်သွားတဲ့အခိုက်” ဆိုတဲ့captionလေးနဲ့ ပျော်နေတဲ့ဗီဒီယိုဖိုင်လေးကို တင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Zin Thae Naing’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *