မောင်မောင်အေးနဲ့အတူ မွေးနေ့မှာ လုပ်မယ့် ဂိမ်းအစီအစဉ်လေး တိုင်ပင်ရင်း စနောက်ရင်း ရယ်နေရတဲ့ စမိုင်းလ်






Read in UNICODE

တစ်ခေတ်တစ်ခါက အနုပညာလောကမှာ စမိုင်းလ် ကတော့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်နော်..။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လတ်ရှိမှာတော့ စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို

အရင်ကထပ်မလုပ်တော့မယ့် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေပြီး မကြာသေးမှီက ထူးပိုင်ဇော်ဦးရိုက်တဲ့ Yangon in loveဆိုတဲ့ကား ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။စမိုင်းလ် ကတော့ စိတ်သဘောထားပြည့်ဝပြီး မကြာခဏဆိုသလို အလှူအတန်းတွေကိုလည်း

လှူဒါန်းပေးတာကိုလည်း တွေ့ရပါတယ်။ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုတက်တဲ့ စမိုင်းလ်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း မွေးထားပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စမိုင်းလ် ဟာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင် အမြဲဆိုသလို

သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ စမိုင်းလ်ရဲ့ မွေးနေ့အတွက် Game လေးတစ်ဆော့ဖို့ ပရိသတ်တွေတွေကို ဖိတ်ခေါ်ရင်း ကိုမောင်မောင်အေးအေးရဲ့ စနောက်မှုတွေကြောင့် မောင်နှမနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသတွေပြောပြီး ပရိသတ်တွေနဲ့

တရင်းတနှီး စကားတွေပြောခဲ့တဲ့ live ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်..။ မောင်တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း စနောက်စကားပြောကာ ပျော်ရွှင်စရာကောင်းလောက်တဲ့ စမိုင်းလ်တို့ရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်နော်။ ကဲ..ချစ်ပရိသတ်ကြီးရေ စမိုင်းလ်တို့ မောင်နှမတွေနဲ့ ပျော်ရွှင်စရာဗီဒီယိုလေးကို ကြည့်ရှုရင်း အသည်းလေးတွေပေးခဲ့ပါဦးနော်…။

Source : စမိုင်းလ် Smile’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *