မုန်တွေအပြည့်ထည့်ထားတဲ့ လက်ဆောင်ဘူးအကြီးကြီးနဲ့ ပရိသတ်တွေ စပရိုက်လုပ်တာခံခဲ့ရတဲ့ ဖွေးဖွေး
Read in UNICODE
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့ ဖွေးဖွေးကတော့ အမာခံပရိသတ်အင်အားလည်း တောင့်တင်းသူတစ်ယောက်ပါ။ Facebook Follower ရှစ်သန်းနီးပါးရှိပြီး ဖွေးစိန် ဘာလုပ်လုပ် သူ့ရဲ့ Oopises လေးတွေက နောက်ကနေ အချိန်ပြည့်ဝန်းရံနေတယ်
လို့ဆိုရမှာပါ။ဖွေးဖွေးကတော့ မနေ့က ချစ်ရတဲ့ Oopises လေးတွေဆီကနေ Surprise Box အကြီးကြီးလက်ဆောင်ရရှိခဲ့ပါတယ်။ အထဲမှာတော့ အစားတလိုင်းလေးဖွေးစိန်အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထည့်ပေးထားတဲ့ မုန့်မျိုးစုံအပြင် ဘီယာ၊ဝိုင်တို့ကိုပါ
ထည့်ပေးထားတဲ့ Oopises လေးတွေကတော့ တကယ်ကို ချစ်ဖို့ကောင်းတဲ့ Fans လေးတွေပါပဲနော်။ ဖွေးစိန်ကတော့ ပို့ပေးတဲ့ပရိသတ်တွေစိတ်ချမ်းသာအောင် Facebook Live လွှင့်ကာ Surprise Box လေးကို ဖွင့်ခဲ့ပြီး “ယူတို့ကြောင့် ပျော်ပြီရှင် Love U All ”
ဆိုပြီးတော့လည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ… အနုပညာရှင်တွေကို အပြိုင်အဆိုင်အားပေးဝန်းရံနေကြတဲ့ ပရိသတ်ကြီးကြားမှာ ဖွေးစိန်ရဲ့ Oopises လေးတွေကတော့ သူတို့ရဲ့ ဖွေးလေး ဘာကြိုက်လဲအမှန်တကယ် သိကြတယ်နော်။ အစားမက်လွန်းတဲ့
ဖွေးစိန်လေး ပျော်သွားအောင် ပုံးအကြီးကြီးနဲ့ကို မုန့်တွေအပြည့်ထည့်ပေးခဲ့တာမို့ တကယ်အားကိုးရတဲ့ Fans လေးတွေလို့ ဆိုရမှာပါ။ မုန့်စားအများကြီးလက်ဆောင်ရခဲ့လို့ ပျော်နေတဲ့ဖွေးစိန်ရဲ့ ပုံရိပ်လေးတချို့ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Phway Phway’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *