ယနေ့ကျရောက်တဲ့မွေးနေ့မှာ အရင်နှစ်တွေနဲ့မတူပဲ ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းခဲ့တဲ့ ခင်ဇာခြည်ကျော်






Read in UNICODE

ဆယ်စုနှစ်တစ်ခုတိုင် အနုပညာလောကထဲမှာ ပရိသတ်အားပေးချစ်ခင်မှုနဲ့အတူ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေတဲ့သူလေးကတော့ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က အနုပညာလှုပ်ရှားမှုများစွာကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုလည်း

ထိုက်တန်စွာ ရရှိထားတဲ့ သူတစ်ယောက်ပါနော်…..။ ဒါ့အပြင် ခင်ဇာခြည်ကျော်က လိမ္မာရေးခြားရှိပြီး လူအများက ချစ်ခင်နေကြတဲ့ သားသားလေး ဘုန်းမင်းနေလနဲ့ သမီးလေး ထင်သစ္စာတို့ နှစ်ယောက်ကိုလည်း မွေးဖွားထားကာ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင်

ကူညီပံ့ပိုးပေးနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေက သူမတို့ မိသားစုလေးရဲ့ ပျော်ရွှင်ကြည်နှုးစရာကောင်းတဲ့ ပုံလေးတွေကို အားကျချစ်ခင်နေကြတာ အသေအချာပါပဲနော်။ မကြာခဏဆိုသလိုလည်း မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့ ရိုက်ကူးထားတဲ့ Tiktokဗီဒီယိုလေးတွေကိုလည်း

လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်……။ယနေ့ကတော့ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ မွေးနေ့လေးမှာ ရိုးရှင်းလှပပြီး ယုံကြည်မှုရှိစေတဲ့ အနက်ရောင် ဂါဝန်လေးကို ဝတ်ဆင်ကာ

ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လှလှလေးတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း ခင်ဇာခြည်ကျော်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…။ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်…….။

Source : Khin Zarchi Kyaw’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *