Instagram မွာ အားေပးၾကည့္ရႈသူ(၁)သန္း ျပည့္သြားၿပီျဖစ္လို႔ ပရိသတ္ေတြကို စပ႐ိုက္လုပ္ေပးမယ္ဆိုတဲ့ ဝတ္မႈံေ႐ႊရည္
|ဝတ္မႈန္ေ႐ႊရည္ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ဒီေန႔ အခ်ိန္ထိ အခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ Instagram မွာ အားေပးတဲ့ ပရိသတ္ တစ္သန္းရွိခဲ့တာေၾကာင့္ Surprise အစီအစဥ္ေလး လုပ္မယ့္အေၾကာင္း အခုလို ေျပာျပလာပါတယ္။ ” ကစ္ရဲ႕official Instagram followers 1 M ျပည့္သြားတဲ့အထိမ္းအမွတ္အေနနဲ႔ kit ရဲ႕ fan ေလးေတြအတြက္ special surprise အစီအစဥ္ေလးရွိတဲ့အတြက္ follow မလုပ္ရေသးတဲ့သူေတြ

Instagram မသုံးေသးတဲ့ သူေတြ မသိလိုက္မျဖစ္ရေအာင္ ဒီကေန အသိေပးလိုက္တာပါရွင့္။ ကစ္ရဲ႕ instagram acc ေလးကိုfollow လုပ္ရင္း Surprise ေလးက ဘာျဖစ္မလည္း ၾကည့္ၾကရေအာင္ေနာ္။ Follow လုပ္ေပးတဲ့သူတဦးတေယာက္ခ်င္းစီကိုလည္း ေက်းဇူးအထူးပါလို႔” ဆိုၿပီးေတာ့ ဇြန္လ ၁၄ ရက္ေန႔ ည ၇ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။ ဝတ္မႈန္ေ႐ႊရည္လိုပဲ Instagram မွာ ပရိသတ္ တစ္သန္းျပည့္ထားတဲ့ ျမန္မာ အႏုပညာရွင္တစ္ဦးကေတာ့ အဆိုေတာ္

သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္ျဖစ္ပါတယ္။ ဝတ္မႈန္ေ႐ႊရည္ဟာ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီး စာရင္းဝင္ထဲမွာ ထိပ္ဆုံးက ရပ္တည္ေနတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုလည္း အမ်ားႀကီး ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း ၁၀ စုႏွစ္ကာလတစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။ ဝတ္မႈံေ႐ႊရည္ဟာ Kanebo ေၾကာ္ျငာနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတာျဖစ္ၿပီး

၂၀၀၈ ခုႏွစ္မွာ ဇာတ္ကားမ်ား စတင္႐ိုက္ကူးခဲ့ပါတယ္။ ေၾကာ္ျငာမ်ားနဲ႔ လူႀကိဳက္မ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ဟာ ၂၀၁၃ ခုႏွစ္က “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး အဲ့ဒီအကယ္ဒမီ ေ႐ႊၾကယ္ကိုလည္း ၂၀၁၅ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႔က ေမွာ္ဘီၿမိဳ႕ရွိ ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ လႉဒါန္းခဲ့ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္မွာေတာ့ ” ႏွလုံးသားနဲ႔ျပဳလုပ္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကိုလည္း ရရွိထားပါတယ္။
Read in UNICODE
ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီနေ့ အချိန်ထိ အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ Instagram မှာ အားပေးတဲ့ ပရိသတ် တစ်သန်းရှိခဲ့တာကြောင့် Surprise အစီအစဉ်လေး လုပ်မယ့်အကြောင်း အခုလို ပြောပြလာပါတယ်။ ” ကစ်ရဲ့official Instagram followers 1 M ပြည့်သွားတဲ့အထိမ်းအမှတ်အနေနဲ့ kit ရဲ့ fan လေးတွေအတွက် special surprise အစီအစဉ်လေးရှိတဲ့အတွက် follow မလုပ်ရသေးတဲ့သူတွေ

Instagram မသုံးသေးတဲ့ သူတွေ မသိလိုက်မဖြစ်ရအောင် ဒီကနေ အသိပေးလိုက်တာပါရှင့်။ ကစ်ရဲ့ instagram acc လေးကိုfollow လုပ်ရင်း Surprise လေးက ဘာဖြစ်မလည်း ကြည့်ကြရအောင်နော်။ Follow လုပ်ပေးတဲ့သူတဦးတယောက်ချင်းစီကိုလည်း ကျေးဇူးအထူးပါလို့” ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည်လိုပဲ Instagram မှာ ပရိသတ် တစ်သန်းပြည့်ထားတဲ့ မြန်မာ အနုပညာရှင်တစ်ဦးကတော့ အဆိုတော်

သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး

၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ ” နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။
Source : Cele YatKwat | Reference & Credit : Duwun