လက်မောင်းမှာ သူ့ရဲ့မွေးနေ့ နဲ့ နာမည်ကို တက်တူးရေးထိုးခဲ့တဲ့ ပရိသတ်တစ်ဦးကြောင့် ဝမ်းသာ အံသြခဲ့ရတဲ့ ရဲရင့်အောင်
Read in UNICODE
ပရိသတ်ကြီးရေR&B , Soul ဂီတအမျိုးအစားတွေနဲ့ လူကြိုက်များတဲ့ အဆိုတော်ဖြစ်လာတဲ့ရဲရင့်အောင်ရဲ့ အနုပညာ အစက( ၂၀၁၁)ခုနှစ်ကလို့ ဆိုရမှာပါ။သီချင်းတစ်ပုဒ်စ နှစ်ပုဒ်စ နဲ့ Bo Bo Entertainment group အခွေတွေမှာ ပါဝင်လာနိုင်ပြီး (၂၀၁၂ ) ဖေဖော်ဝါရီလမှာတော့ အဆိုတော် သားသားနဲ့အတူ ” အမုန်းဒိုင်ယာရီ ” duet album လေး
ထွက်ရှိနိုင်ခဲ့ပါတယ်။အဲ့ဒီအခွေမှာပဲ ရဲရင့်အောင်ရဲ့ပရိသတ် ခိုင်မာမှုက အံ့အားသင့်စရာဖြစ်ခဲ့ပြီး သီချင်းတိုင်း ပေါက်ခဲ့တယ်လို့ ပြောရမယ်ဆိုရင်မှားမယ်မထင်ပါဘူး။ (၂၀၁၄) မှာ တကိုယ်တော် စီးရီးကို “ချေ” ဆိုတဲ့နာမည်နဲ့ထွက်ခဲ့ပြီး အောင်မြင်မှုကတေယ့ အံ့မခန်းပါပဲ။ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ပိုင်းရော မခေ ကြောင်း ပြနိုင်ခဲ့တာကြောင့်
အမျိုးသမီး ပရိသတ်တွေ ပိုချစ်ကာ အကဲပိုခဲ့ရတဲ့ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်အဖြစ်ရပ်တည်လာနိုင်ခဲ့တာပါ။ ပရိသတ်တွေ အချစ်ပိုရတဲ့ ရဲရင့်အောင်မှာ အမျိုးသမီးပရိသတ်ကြီးပဲ များတယ်လို့ မပြောနိုင်ပြန်ပါဘူး။ ခိုင်မာတဲ့အမျိုးသားပရိသတ်တွေလဲ ရှိတယ်ဆိုတာကိုဒီနေ့မှာ သက်သေပြနိုင်ခဲ့ပါတယ်။ သူ့နာမည်
သူ့မွေးနေ့ ကိုတက်တူးထိုးပြီး ရဲရင့်အောင်ရဲ့ ပရိသတ်စစ်စစ်ဖြစ်ကြောင်း သက်သေပြလာတဲ့ ပရိသတ်ကြောင့် ရဲရင့်အောင် တစ်ယောက်အံ့သြကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ myday မှာ သူ့ရဲ့နာမည်နဲ့မွေးနေ့ကို တက်တူးထိုးထားတဲ့ ပုံရိပ်လေးကိုဝေမျှခဲ့တာပါ။ ရဲရင့်အောင်ကိုချစ်တဲ့ ပရိသတ်တွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Ye Yint Aung’s Facebook