ဆံုးပါးသြားၿပီျဖစ္တဲ့ မိခင္ႀကီးအတြက္ ရည္စူးၿပီး ဘုရားသမီးေတာ္အျဖစ္ သာသနာ့ေဘာင္မွာ ေအးခ်မ္းစြာ ကုသိုလ္ယူေနတဲ့ ဇာဇာထက္

အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေနကာ ညိဳ႕အားျပင္းၿပီး အခ်ိဳးအစားက်တဲ့ အမိုက္စားခႏၶာေကာက္ေၾကာင္းအလွေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားထားတဲ့ ဇာဇာထက္ကေတာ့ ပုရိသပရိသတ္ေတြၾကား အၿမဲေရပန္းစားသူပဲ ျဖစ္ပါတယ္ေနာ္..။ ပရိသတ္အခ်စ္ေတြကို မ်ားစြာရရွိထားတဲ့ ဇာဇာထက္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက ဘုရားသမီးေတာ္အျဖစ္ခံယူကာ

သာသနာ့ေဘာင္ထဲကို ဝင္ေရာက္ကုသိုလ္ယူေနတာ ျဖစ္ပါတယ္ေနာ္..။ ပထမဦးဆုံးအႀကိမ္ သာသနာ့ေဘာင္ဝင္ေရာက္ခဲ့တာျဖစ္ၿပီး သူမရဲ႕မိခင္ျဖစ္သူ ကြယ္လြန္တာ(၄)ႏွစ္ျပည့္ေလးအတြက္ ရည္စူးကာ (၉)ရက္တာ သာသနာ့ေဘာင္ ဝင္ေရာက္ကုသိုလ္ယူေနတာပဲ ျဖစ္ပါတယ္..။ သာသနာ့ေဘာင္ဝင္ေရာက္ရင္း

တရားဘာဝနာအားထုတ္ကာ မိခင္ျဖစ္သူအတြက္ရည္စူး အမွ်ေဝႏိုင္ခဲ့သလို သန႔္ရွင္းေရးလုပ္ကုသိုလ္ယူကာ (၇)ရက္ သားသမီးေတြအတြက္လည္း ေမတၱာပို႔ခဲ့ႏိုင္တဲ့ ၾကည္ႏူးေအးခ်မ္းစရာ ပုံရိပ္ေလးေတြကိုလည္း ဆရာေလးက ျပန္လည္မွ်ေဝထားပါေသးတယ္..။ “ဘဝတစ္ေလွ်ာက္လုံးမွာ

ပထမဦးအႀကိမ္ သာသနာ့ေဘာင္(၉)ရက္တာ ဝင္ခဲ့သမွ် ဘုရားသမီးေတာ္အျဖစ္ ခဏတာေအးခ်မ္းခဲ့ပါတယ္ ဆရာေလးမထြက္ခင္ သန႔္ရွင္းေရးလုပ္ ကုသိုလ္ယူ (၇)ရက္သားသမီးေမတၱာပို႔ခဲ့ပါတယ္ အေမ့(၄)ႏွစ္ျပည့္အတြက္ရည္စူးကာ အေမ့အတြက္ဆရာေလးဝတ္ေနတဲ့တစ္ေလွ်ာက္လုံး ဖုန္းလုံးဝမသုံးပဲ

တရားဘာဝနာရတဲ့ရက္ေလးမွာ အျပည့္အဝအားထုတ္ၿပီး အေမ့ကိုအမွ်ေဝခဲ့တာမို႔ အေမေရာက္ရာဘုံဘဝက ၾကားႏိုင္ပါေစ သာဓုသာဓုသာဓု ေခၚဆိုႏိုင္ပါေစအေမ..” ဆိုၿပီး ေအးခ်မ္းစြာ ကုသိုလ္ယူရင္း အမွ်ေပးေဝထားတာပါ..။ သာသနာ့ေဘာင္ ဝင္ေရာက္ကုသိုလ္ယူခဲ့တဲ့ ေအးခ်မ္းေနတဲ့ ဆရာေလးရဲ႕ပုံရိပ္ေလးေတြကိုၾကည့္ရင္း ပရိသတ္ေတြကလည္း ေအးခ်မ္းမႈေလးေတြ ကူးစက္ကာ သာဓုေခၚဆုေတာင္းစကားေလးေတြလည္း ေျပာထားၾကပါတယ္ေနာ္..။

Read in UNICODE

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေကာ ညို့အားပြင်းပြီး အချိုးအစားကျတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ ဇာဇာထက်ကတော့ ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသူပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်အချစ်တွေကို များစွာရရှိထားတဲ့ ဇာဇာထက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဘုရားသမီးတော်အဖြစ်ခံယူကာ

သာသနာ့ဘောင်ထဲကို ဝင်ရောက်ကုသိုလ်ယူနေတာ ဖြစ်ပါတယ်နော်..။ ပထမဦးဆုံးအကြိမ် သာသနာ့ဘောင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သူမရဲ့မိခင်ဖြစ်သူ ကွယ်လွန်တာ(၄)နှစ်ပြည့်လေးအတွက် ရည်စူးကာ (၉)ရက်တာ သာသနာ့ဘောင် ဝင်ရောက်ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်..။ သာသနာ့ဘောင်ဝင်ရောက်ရင်း

တရားဘာဝနာအားထုတ်ကာ မိခင်ဖြစ်သူအတွက်ရည်စူး အမျှဝေနိုင်ခဲ့သလို သန့်ရှင်းရေးလုပ်ကုသိုလ်ယူကာ (၇)ရက် သားသမီးတွေအတွက်လည်း မေတ္တာပို့ခဲ့နိုင်တဲ့ ကြည်နူးအေးချမ်းစရာ ပုံရိပ်လေးတွေကိုလည်း ဆရာလေးက ပြန်လည်မျှဝေထားပါသေးတယ်..။ “ဘဝတစ်လျှောက်လုံးမှာ

ပထမဦးအကြိမ် သာသနာ့ဘောင်(၉)ရက်တာ ဝင်ခဲ့သမျှ ဘုရားသမီးတော်အဖြစ် ခဏတာအေးချမ်းခဲ့ပါတယ် ဆရာလေးမထွက်ခင် သန့်ရှင်းရေးလုပ် ကုသိုလ်ယူ (၇)ရက်သားသမီးမေတ္တာပို့ခဲ့ပါတယ် အမေ့(၄)နှစ်ပြည့်အတွက်ရည်စူးကာ အမေ့အတွက်ဆရာလေးဝတ်နေတဲ့တစ်လျှောက်လုံး ဖုန်းလုံးဝမသုံးပဲ

တရားဘာဝနာရတဲ့ရက်လေးမှာ အပြည့်အဝအားထုတ်ပြီး အမေ့ကိုအမျှဝေခဲ့တာမို့ အမေရောက်ရာဘုံဘဝက ကြားနိုင်ပါစေ သာဓုသာဓုသာဓု ခေါ်ဆိုနိုင်ပါစေအမေ..” ဆိုပြီး အေးချမ်းစွာ ကုသိုလ်ယူရင်း အမျှပေးဝေထားတာပါ..။ သာသနာ့ဘောင် ဝင်ရောက်ကုသိုလ်ယူခဲ့တဲ့ အေးချမ်းနေတဲ့ ဆရာလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေကလည်း အေးချမ်းမှုလေးတွေ ကူးစက်ကာ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Source : Zar Htet’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *