မိုးကလျာရဲ့ အငြိုးတွေ အာဃာတတွေကြောင့် မိုးကိုယ်တိုင်လဲ ပင်ပန်းစေတယ်လို့ ရင်ဖွင့်ခဲ့တဲ့ ခင်သဇင်
Read in UNICODE
လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ မင်းသမီးချောလေး ခင်သဇင်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ခင်သဇင်ဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ အနုပညာလုပ်ငန်းတွေအပြင်
တစ်ခြားစီးပွားရေးလုပ်ငန်းတွေမှာပါ   အောင်မြင်လာတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဇာတ်ကောင်ပီသအောင်ရိုက်ကူးခဲ့ကြောင်းတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိပါတယ်။ အခုလက်ရှိမှာ
ပြသနေတဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲရဲ့ မိုးကလျာအဖြစ်သရုပ်ဆောင်တုန်းက ဖြစ်ခဲ့တဲ့အကြောင်းလေးကို ခင်သဇင်က”မိုးလေး အရမ်းပင်ပန်းသွားခဲ့ပြီ မိုးရဲ့အငြိုးတွေက မိုးကို သိပ်ပင်ပန်းစေခဲ့မှာ”လို့ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခင်သဇင်ရဲ့ ပုံရိပ်လေးတွေနဲ့မိုးကလျာရဲ့ အငြိုးကြောင့် ပင်ပန်သွားခဲ့ တဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း မိုးကလျာအဖြစ်သရုပ်ဆောင်ထားတာကို သဘောကျနှစ်သက်ကြမယ်လို့ထင်ပါတယ်။
Source : Khin Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *