မင္းသားေခ်ာ စိုင္းဝဏၰေအာင္နဲ႔အတူ သီခ်င္းဗီဒီယို အသစ္ေလးကို ႐ိုက္ကူးခဲ့တယ္ဆိုတဲ့ ပိုပို
|အခ်စ္သီခ်င္းေကာင္းေကာင္းေလးေတြနဲ႔ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ ပိုပိုဟာ သီခ်င္းအသစ္ေလးျဖစ္တဲ့ “ေျဖ” ဆိုတဲ့ သီခ်င္းေလးကို သ႐ုပ္ေဆာင္ စိုင္းဝဏၰေအာင္နဲ႔ တြဲဖက္ၿပီး Music Video ႐ိုက္ကူးေနတဲ့အေၾကာင္း ေျပာျပလာပါတယ္။ “ စိုင္းဝဏၰေအာင္နဲ႔ သ႐ုပ္ေဆာင္ရတာက သိပ္ၿပီးေတာ့လည္း ေျပာစရာမလိုပါဘူး။ အရင္တုန္းကလည္း အတူတူ႐ိုက္ခဲ့ဖူးတယ္။ အဆင္လည္းေျပတယ္။ ႐ုပ္ကလည္း

ေခ်ာတယ္၊ သေဘာကလည္း ေကာင္းတယ္။ သ႐ုပ္ေဆာင္လည္းေကာင္းတယ္သူက” ဆိုၿပီးေတာ့ ဇြန္လ ၁၃ ရက္ေန႔က Music Video ႐ိုက္ကြင္းမွာ ေျဖဆိုခဲ့တာပါ။ “ ေျဖ” ဆိုတဲ့ သီခ်င္းေလးကိုလည္း ဇာတ္ၫႊန္းေကာင္းေကာင္းေလးနဲ႔ ႐ိုက္ကူးထားတယ္လို႔ ပိုပို က ဆိုပါတယ္။ ဒီ Music Video မွာ စိုင္းဝဏၰေအာင္ နဲ႔အတူ Tik Tok ဆယ္လီ ေနဆန္းလည္း ပါဝင္တယ္လို႔ သိရပါတယ္။ “ ဇာတ္လမ္းေလးကေတာ့

အလြမ္းေလးပါတယ္။ ပရိသတ္ေတြကေတာ့ မင္းသားႏွစ္ေယာက္ထဲမွာ ဘယ္သူနဲ႔ ညားမလဲဆိုတာ သိခ်င္ၾကမွာပဲေလ။ သီခ်င္းအားလုံးအဆုံးမွာေတာ့ ဘယ္သူနဲ႔ ညားမလဲဆိုတာ သိမွာပါ။ ဒီ Music Video ေလးက အရမ္းလည္းမိုက္တယ္၊ ပိုပို ကိုယ္တိုင္ကလည္း ႀကိဳးစားတယ္။ ပိုပို ႐ိုက္ေနၾက ပုံစံေလးထဲကေနၿပီးေတာ့ ခြဲထြက္ထားတဲ့ ပုံစံေလး ျဖစ္မွာပါ” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ပိုပိုဟာ

ကိုယ္ပိုင္သီခ်င္းေတြဆိုရင္း နာမည္ေက်ာ္ခဲ့တဲ့ အမ်ိဳးသမီးအဆိုေတာ္ တစ္ေယာက္ပါပဲ။ သူမရဲ႕ ပထမဆုံးတစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့ Master Piece မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားပါတယ္။သူမက ဂီတပိုင္းမွာသာမက ဇာတ္ကား႐ိုက္ကူးမႈေတြလည္း လုပ္လာသူပါ။ ဂီတေလာကမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈ ရရွိေနတဲ့ လူငယ္အဆိုေတာ္ တစ္ေယာက္လည္းျဖစ္ပါတယ္။
Read in UNICODE
အချစ်သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ပိုပိုဟာ သီချင်းအသစ်လေးဖြစ်တဲ့ “ဖြေ” ဆိုတဲ့ သီချင်းလေးကို သရုပ်ဆောင် စိုင်းဝဏ္ဏအောင်နဲ့ တွဲဖက်ပြီး Music Video ရိုက်ကူးနေတဲ့အကြောင်း ပြောပြလာပါတယ်။ “ စိုင်းဝဏ္ဏအောင်နဲ့ သရုပ်ဆောင်ရတာက သိပ်ပြီးတော့လည်း ပြောစရာမလိုပါဘူး။ အရင်တုန်းကလည်း အတူတူရိုက်ခဲ့ဖူးတယ်။ အဆင်လည်းပြေတယ်။ ရုပ်ကလည်း

ချောတယ်၊ သဘောကလည်း ကောင်းတယ်။ သရုပ်ဆောင်လည်းကောင်းတယ်သူက” ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့က Music Video ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ “ ဖြေ” ဆိုတဲ့ သီချင်းလေးကိုလည်း ဇာတ်ညွှန်းကောင်းကောင်းလေးနဲ့ ရိုက်ကူးထားတယ်လို့ ပိုပို က ဆိုပါတယ်။ ဒီ Music Video မှာ စိုင်းဝဏ္ဏအောင် နဲ့အတူ Tik Tok ဆယ်လီ နေဆန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ “ ဇာတ်လမ်းလေးကတော့

အလွမ်းလေးပါတယ်။ ပရိသတ်တွေကတော့ မင်းသားနှစ်ယောက်ထဲမှာ ဘယ်သူနဲ့ ညားမလဲဆိုတာ သိချင်ကြမှာပဲလေ။ သီချင်းအားလုံးအဆုံးမှာတော့ ဘယ်သူနဲ့ ညားမလဲဆိုတာ သိမှာပါ။ ဒီ Music Video လေးက အရမ်းလည်းမိုက်တယ်၊ ပိုပို ကိုယ်တိုင်ကလည်း ကြိုးစားတယ်။ ပိုပို ရိုက်နေကြ ပုံစံလေးထဲကနေပြီးတော့ ခွဲထွက်ထားတဲ့ ပုံစံလေး ဖြစ်မှာပါ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ ပိုပိုဟာ

ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။
Source : Cele YatKwat | Reference & Credit : Duwun