ဇနီးဖြစ်သူက ကိုယ်ဝန်(၅)ပတ်ရှိပြီလို့ စပရိုက်လုပ်လိုက်တဲ့အချိန်မှာ ပျော်လွန်းလို့ ခုန်ပေါက်ခဲ့တဲ့ ထူးခြား
Read in UNICODE
ဇာတ်ပို့ ၊ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထူးခြားကိုတော့ ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ ထူးခြားကတော့ ဖိုက်တင်းဇာတ်ကားတွေထဲမှာ များစွာသရုပ်ဆောင်ထားကာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရရှိခဲ့သူပဲဖြစ်ပါတယ်။ သူကတော့
ယခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်းဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာ တက်စွမ်းသလောက် စားချင်စရာကောင်းလောက်တဲ့ ဝက်နံရိုးမီးတောက် ဟင်းလျာတွေကို
ကိုယ်တိုင်ချက် ၊ ကိုယ်တိုင် delivery လုပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ ဇနီးချောလေးနဲ့ အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေခဲ့တာလည်းဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ ချစ်ဇနီးချောလေးက ကိုယ်ဝန် ၅ပတ် ရှိနေတာလေးကို
ထူးခြားအတွက် ရုတ်တရက်စပရိုက်လုပ်လိုက်တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ ထူးခြား က ချစ်ဇနီးလေးရဲ့ ကိုယ်ဝန် ၅ ပတ်ရှိနေပြီဆိုတဲ့ အသံကြားလိုက်တာနဲ့ အတိုင်းမသိပျော်ရွှင်ဝမ်းသာနေတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း
ချစ်ဇနီးလေးက ” ရုပ်ရှင်တွေထဲကလိုလည်းဟုတ်ဘူး…မျက်ရည်တွေဝဲပြီး ဖုန်းတွေလျှောက်ဆက်….သူပဲမမော..ဒါမဲ့ ချစ်တယ်” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ မကြာခင် လူလောကထဲကို ရောက်လာတော့မယ့် ရင်သွေးလေးအတွက် ပျော်ရွှင်ဝမ်းသာနေတဲ့ ထူးခြားရဲ့ စပရိုက်ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Htoo Charr’s Facebook | Reference & Credit : Myanamrload
Add a Comment
Your email address will not be published. Required fields are marked *