ငယ်ဘဝထဲက ညှပ်နေကျ ရွာက ဆံပင်ညှပ်ဆရာကြီးနဲ့ပဲ ဆံပင်ညှပ်ဖြစ်ကြောင်း ပြောပြခဲ့တဲ့ နေမင်း



Read in UNICODE
ရိုးရိုးသားသားအလုပ်ကြိုးစားပြီး ပရိတ်သတ်ရင်ထဲ နေရာတစ်နေရာရထားတဲ့သူလေးကတော့ သရုပ်ဆောင်မင်းသားချောလေးနေမင်းပါ။ နေမင်းဟာသရုပ်ဆောင်ကောင်းမွန်တဲ့အပြင် မိဘကိုလည်း သိတတ်လိမ္မာတဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ဘာသာတရားလည်း

ကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မင်းသားချောလေးနေမင်းဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲအခမ်းအနားများတက်ရောက်နေပြီးရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေတာပဲဖြစ်ပါတယ်နော်။သူဟာ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့

မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ပြင် ဟန်ဆောင်မှုမရှိပဲရိုးသားပွင့်လင်းစွာနေထိုင်တတ်တဲ့သူဖြစ်ပါတယ်။နေမင်းဟာ သူ့ရဲ့မိသားစုပုံလေးတွေ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ

“ငယ်ငယ်ကတည်းက ညှပ်ပေးနေကျရွာက ဆံသဆရာကြီး နှင့် ဒီနေ့မနက်တော့ ကိုင်ပစ်လိုက်ပြီအကိုင်ခံလိုက်ရပြီ” ဆိုတဲ့captionလေးနဲ့ ဆံပင်ညှပ်နေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Nay Min’s Facebook | Reference & Credit : Myanamrload