အခ်စ္ေရးနဲ႔ ပတ္သတ္လာရင္ ဘဝနဲ႔ထပ္တူ နားလည္ေပးႏိုင္တဲ့ သူနဲ႔မွ လက္ထပ္ဆိုတဲ့ ေက်ာ္ေက်ာ္

သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ကေတာ့ အခ်စ္ေရးနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕ ခံယူခ်က္ကို ေျပာလာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ေက်ာ္ေက်ာ္ဟာ အသက္ (၃၅) ႏွစ္ရွိၿပီလို႔ ဆိုပါတယ္။ “ အစ္ကိုလည္း အသက္ (၃၅) ဆိုေတာ့ မငယ္ေတာ့ပါဘူး။ အရာရာ အားလုံးက ကံစီမံရာအတိုင္းပါပဲ။ ကိုယ္က အရမ္းလိုခ်င္ေနေပမယ့္လည္း ရခ်င္မွ ရတာေလေနာ္။ ကိုယ့္ရဲ႕ ဘဝနဲ႔ ထပ္တူထပ္မွ် နားလည္ေပးႏိုင္တဲ့

လူကို ေတြ႕ရင္ေတာ့ ယူမွာေပါ့။ မေတြ႕ေတာ့လည္း မယူဘူးေပါ့ေလ။ အခု Stay Home မွာလည္း တစ္ေယာက္တည္းပါပဲ” ဆိုၿပီးေတာ့ ဇြန္လ ၁၀ ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္အတြက္ ႐ိုက္ကူးေရးမွာ ေျဖဆိုခဲ့တာပါ။ေက်ာ္ေက်ာ္ကေတာ့ သ႐ုပ္ေဆာင္ ဆုျမတ္ႏိုးဦးနဲ႔ ခ်စ္ႀကိဳက္ေနၾကသလား ဆိုတဲ့ အခ်စ္ေရး ေကာလာဟလ သတင္းေတြလည္း ထြက္ခဲ့ဖူးပါတယ္။ ခ်စ္သူေတြ မဟုတ္ေၾကာင္းကိုလည္း

မီဒီယာ အင္တာဗ်ဴးေတြမွာ ျငင္းဆိုခဲ့ၾကပါတယ္။ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး လက္ရွိမွာ တစ္ေယာက္တည္းပါပဲလို႔ ေက်ာ္ေက်ာ္က ဆိုပါတယ္။ “ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ကို Surprise တိုက္မွာမဟုတ္ပါဘူး။အဓိကကေတာ့ မျဖစ္ေသးတာပဲ ရွိတယ္။ အကုန္လုံးက ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ ဘာမဆိုလည္း ျဖစ္သြားႏိုင္ပါတယ္။ အစ္ကို႔လို တစ္ေယာက္တည္းေနၾကတဲ့ သူေတြလည္း

အမ်ားႀကီးပါပဲ” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေက်ာ္ေက်ာ္ကိုေတာ့ ဗီဒီယိုဇာတ္ကား၊ တီဗီေၾကာ္ျငာ နဲ႔ ႐ုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေက်ာ္ေက်ာ္၊ ညီထြဋ္ေခါင္၊ ဆုျမတ္ႏိုးဦးတို႔ သုံးေယာက္ေပါင္းၿပီး ‘’ပရမ္းပတာ Bff’’ ဆိုၿပီးေတာ့ Facebook Page ေလးေထာင္ၿပီး သူတို႔ သုံးေယာက္ရဲ႕ လႈပ္ရွားမႈေတြတိုင္းကို ပရိသတ္ေတြဆီ ေဝမွ်ေလ့ရွိေနတာ ေတြ႕ရပါတယ္။

Read in UNICODE

သရုပ်ဆောင် ကျော်ကျော်ကတော့ အချစ်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံယူချက်ကို ပြောလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်ဟာ အသက် (၃၅) နှစ်ရှိပြီလို့ ဆိုပါတယ်။ “ အစ်ကိုလည်း အသက် (၃၅) ဆိုတော့ မငယ်တော့ပါဘူး။ အရာရာ အားလုံးက ကံစီမံရာအတိုင်းပါပဲ။ ကိုယ်က အရမ်းလိုချင်နေပေမယ့်လည်း ရချင်မှ ရတာလေနော်။ ကိုယ့်ရဲ့ ဘဝနဲ့ ထပ်တူထပ်မျှ နားလည်ပေးနိုင်တဲ့

လူကို တွေ့ရင်တော့ ယူမှာပေါ့။ မတွေ့တော့လည်း မယူဘူးပေါ့လေ။ အခု Stay Home မှာလည်း တစ်ယောက်တည်းပါပဲ” ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ကျော်ကျော်ကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ ချစ်ကြိုက်နေကြသလား ဆိုတဲ့ အချစ်ရေး ကောလာဟလ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။ ချစ်သူတွေ မဟုတ်ကြောင်းကိုလည်း

မီဒီယာ အင်တာဗျူးတွေမှာ ငြင်းဆိုခဲ့ကြပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိမှာ တစ်ယောက်တည်းပါပဲလို့ ကျော်ကျော်က ဆိုပါတယ်။ “ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို Surprise တိုက်မှာမဟုတ်ပါဘူး။အဓိကကတော့ မဖြစ်သေးတာပဲ ရှိတယ်။ အကုန်လုံးက ဖြစ်နိုင်တယ်ပေါ့နော်။ ဘာမဆိုလည်း ဖြစ်သွားနိုင်ပါတယ်။ အစ်ကို့လို တစ်ယောက်တည်းနေကြတဲ့ သူတွေလည်း

အများကြီးပါပဲ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *