ဆေရုံတက်နေရတဲ့ အဖေဖြစ်သူကိုကြည့်ပြီး အမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးနေတဲ့ ထက်ထက်မိုးဦး





Read in UNICODE

ဝါရင့်သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး ကတော့ ဆယ်စုနှစ်ကတည်းက အနုပညာလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လို ဇာတ်ကောင်တွေပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့်

ထက်ထက်မိုးဦး ဟာ ထိပ်တန်းမင်းသမီးတွေထဲကမှ တစ်ယောက်အပါဝင်ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲနေရာယူထားနေတုန်းပါပဲနော်…။ လက်ရှိမှာတော့ ထက်ထက်မိုးဦး က အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပဲ ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ်ကိုင်နေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ဝေးကွာပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်

သူမရဲ့လှုပ်မှုပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာတစ်ခါမှာတော့ ပရိသတ်တွေချစ်တဲ့ ထက်ထက်မိုးဦး ရဲ့ ဖခင်ဟာ မကြာသေးမှီရက်ပိုင်းလောက်က သွေးတိုးပြီး လေဖြတ်သွားတာကြောင့် မန္တလေးမင်္ဂလာဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးအခြေနေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ထက်ထက်ဦးဟာ ဖခင်ရဲ့ ဆေးကုသမှုခံယူနေတဲ့

ပုံရိပ်လေးတွေကို သူမရဲ့ လှုမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ထက်ထက်မိုးဦး က “အဖေအမြန်ဆုံးသက်သာပါစေလို့မောင်နှမသုံးယောက်ဆုတောင်းနေပါတယ် ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း မင်းသမီး ထက်ထက်မိုးဦး ရဲ့ ဖခင်ကို ကျန်းမာရေးမြန်မြန်ကောင်းမွန်လာအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။

Source : Htet Htet Moe Oo’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *