အသက္(၂၁)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ အႀကီးဆံုးသားအတြက္ ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ မင္းေမာ္ကြန္း

မင္းေမာ္ကြန္းကေတာ့ ဇြန္လ (၁၃) ရက္ေန႔မွာ က်ေရာက္ခဲ့တဲ့ သားအႀကီးဆုံး ေမာင္မင္းျမတ္ရဲ႕ ေမြးေန႔ကို အခုလို ဆုေတာင္းစကားဆိုခဲ့ပါတယ္။ “Happy birthday ေမာင္မင္းျမတ္ ႏွစ္ဆယ့္တစ္ျပည့္ၿပီ။ အစ္ကိုႀကီးအဖအရာ လိမ္မာၿပီးက်န္းမာခ်မ္းသာစြာျဖင့္ ညီ ညီမေတြကိုေစာင့္ေရွာက္ႏိုင္ပါေစ” ဆိုၿပီးေတာ့လည္း ဇြန္လ ၁၃ ရက္ေန႔ မနက္ ၈ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ

ေရးသားခဲ့ပါတယ္။ မင္းေမာ္ကြန္းဟာ ေမာင္မင္းျမတ္ က အသက္(၂၁ ) ႏွစ္ျပည့္ၿပီလို႔ဆိုပါတယ္။ ေမာင္မင္းျမတ္ ၁ ႏွစ္ျပည့္ေမြးေန႔တုန္းက ဓာတ္ပုံေဟာင္းေလးထဲမွာလည္း မင္းေမာ္ကြန္းဟာ အသက္ (၂၁) ႏွစ္အ႐ြယ္ ျဖစ္ခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။ ” လြန္ခဲ့ေသာႏွစ္ေပါင္းႏွစ္ဆယ္က သားႀကီးေမာင္မင္းျမတ္ရဲ႕တစ္ႏွစ္ျပည့္ေမြးေန႔

ကြၽန္ေတာ္က ၂၁ ႏွစ္ ခုလက္ရွိသားႀကီးေမာင္မင္းျမတ္ကလဲ၂၁ႏွစ္” ဆိုၿပီးေတာ့ ဇြန္လ ၁၃ ရက္ေန႔ ည ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဓာတ္ပုံေဟာင္းေလးနဲ႔ တကြ ေရးၿပီး တင္ခဲ့တာ ျဖစ္ပါတယ္။ မင္းေမာ္ကြန္းရဲ႕ သားျဖစ္သူ ေမာင္မင္းျမတ္ကေတာ့ “ဆယ္လီ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေန တဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ သူဟာ ဂီတအလုပ္ကို ပိုဝါသနာပါတယ္လို႔လည္း

မင္းေမာ္ကြန္းက ေျဖဆိုခဲ့ဖူးပါတယ္။ ေမာင္မင္းျမတ္ကေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌေဟာင္း အကယ္ဒမီ ဇင္ဝိုင္းရဲ႕ ေျမး ၊ အကယ္ဒမီ မင္းေမာ္ကြန္းရဲ႕ သားအႀကီးဆုံး ၊ သ႐ုပ္ေဆာင္ ေလေျပေသြးရဲ႕ အစ္ကို ျဖစ္တာေၾကာင့္ သူဟာအႏုပညာမ်ိဳး႐ိုးက ဆင္းသက္လာသူ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ မင္းေမာ္ကြန္းက

လက္ရွိမွာ သူခ်စ္ရတဲ့ ဇနီးနဲ႔ အတူ သားသမီး ၃ ေယာက္ပိုင္ဆိုင္ထားတဲ့ ဖခင္ျဖစ္ပါတယ္။ အႀကီးဆုံးကေတာ့ သားႀကီး ေမာင္မင္းျမတ္ျဖစ္ပါတယ္။ သမီးအလတ္ကေတာ့ ေလေျပေသြးပါ။ သူမကေတာ့ အႏုပညာအလုပ္ေတြ လုပ္ကိုင္လွ်က္ရွိပါတယ္။ အငယ္ဆုံးသားေလးကိုေတာ့ ဧကဘုန္းျမတ္ လို႔ နာမည္ေပးထားပါတယ္။ ေလေျပေသြးကိုလည္း မင္းေမာ္ကြန္းရဲ႕ သမီး၊ ဦးဇင္ဝိုင္းရဲ႕ ေျမး အျဖစ္ ပရိသတ္ေတြအမ်ားႀကီးက အားေပးခဲ့ၾကပါတယ္။

Read in UNICODE

မင်းမော်ကွန်းကတော့ ဇွန်လ (၁၃) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သားအကြီးဆုံး မောင်မင်းမြတ်ရဲ့ မွေးနေ့ကို အခုလို ဆုတောင်းစကားဆိုခဲ့ပါတယ်။ “Happy birthday မောင်မင်းမြတ် နှစ်ဆယ့်တစ်ပြည့်ပြီ။ အစ်ကိုကြီးအဖအရာ လိမ်မာပြီးကျန်းမာချမ်းသာစွာဖြင့် ညီ ညီမတွေကိုစောင့်ရှောက်နိုင်ပါစေ” ဆိုပြီးတော့လည်း ဇွန်လ ၁၃ ရက်နေ့ မနက် ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ

ရေးသားခဲ့ပါတယ်။ မင်းမော်ကွန်းဟာ မောင်မင်းမြတ် က အသက်(၂၁ ) နှစ်ပြည့်ပြီလို့ဆိုပါတယ်။ မောင်မင်းမြတ် ၁ နှစ်ပြည့်မွေးနေ့တုန်းက ဓာတ်ပုံဟောင်းလေးထဲမှာလည်း မင်းမော်ကွန်းဟာ အသက် (၂၁) နှစ်အရွယ် ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ” လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က သားကြီးမောင်မင်းမြတ်ရဲ့တစ်နှစ်ပြည့်မွေးနေ့

ကျွန်တော်က ၂၁ နှစ် ခုလက်ရှိသားကြီးမောင်မင်းမြတ်ကလဲ၂၁နှစ်” ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ည ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဓာတ်ပုံဟောင်းလေးနဲ့ တကွ ရေးပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ သားဖြစ်သူ မောင်မင်းမြတ်ကတော့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူဟာ ဂီတအလုပ်ကို ပိုဝါသနာပါတယ်လို့လည်း

မင်းမော်ကွန်းက ဖြေဆိုခဲ့ဖူးပါတယ်။ မောင်မင်းမြတ်ကတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း အကယ်ဒမီ ဇင်ဝိုင်းရဲ့ မြေး ၊ အကယ်ဒမီ မင်းမော်ကွန်းရဲ့ သားအကြီးဆုံး ၊ သရုပ်ဆောင် လေပြေသွေးရဲ့ အစ်ကို ဖြစ်တာကြောင့် သူဟာအနုပညာမျိုးရိုးက ဆင်းသက်လာသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ မင်းမော်ကွန်းက

လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ လေပြေသွေးကိုလည်း မင်းမော်ကွန်းရဲ့ သမီး၊ ဦးဇင်ဝိုင်းရဲ့ မြေး အဖြစ် ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။

Source : Cele YatKwat | Reference & Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *