Snare အဖွဲရဲ့ ပုံလေးကို လက်နှစ်ဖက်လုံးမှာ တက်တူးထိုးပြီး အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးကြောင့် ပီတိဖြစ်နေတဲ့ နေဝင်း



Read in UNICODE
ပရိသတ်ကြီးရေ Snareအဖွဲ့လို့ဆိုလိုက်တာနဲ့ အမိုက်စားစာသားတွေနဲ့ အကြမ်းစားRapတွေကိုသီဆိုတတ်တဲ့အဖွဲ့ဆိုတာ အထူးပြောစရာမလိုတော့ပါဘူးနော်။ Rapအကြမ်းစားတွေအပြင် Roလို့ အကောင်းဆုံး သီချင်းတွေကိုလည်း စုံတွဲတွေအထိရှဆုံးဖြစ်အောင်

သီဆိုနိုင်တဲ့အဖွဲ့တစ်ဖွဲ့ပါပဲနော်။ ဟိုးအောက်ခြေဘဝကနေ အခုလိုဒိတ်ဒိတ်ကြဲအောင်မြင်တဲ့ အချိန်ထိသီချင်းတွေကိုအတူတူ သီဆိုခဲ့တဲ့Snareအဖွဲ့ဝင်နှစ်ယောက်ကတော့ နေဝင်းနဲ့ဖြိုးလေးပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေထက် ယောကျာ်းလေး

ပရိသတ်တွေရဲ့ ပိုမိုအားပေးခြင်းခံရတဲ့ သူတို့အဖွဲ့ကတော့ အမြဲကိုတတွဲတွဲနဲ့ ပျော်ရွှင်ပေါ့ပါးစွာနေတတ်သူတွေဆိုလည်းမမှားပါဘူး။ ဒီနေ့မှာတော့ သူ့တို့ Snare Fanတစ်ယောက် က Snareအဖွဲ့ရဲ့ပုံရိပ်လေးကိုလက်နှစ်ဖက်လုံးမှာ တက်တူးထိုးခဲ့ကြောင်း

“Snare Fan TAT ”ဆိုတဲ့စာလေးနဲ့တကွပုံလေးနဲ့ နေဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာ My Dayမှာ ဖော်ပြခဲ့တာပါ။ Snareအဖွဲ့ရဲ့ Fanတွေကတော့အားပေးကြမ်းချက်ပါပဲနော်။ ပရိသတ်တွေမှာရော Snareအဖွဲ့ရဲ့ ပရိသတ်တွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Nay Win’s Facebook