အမေဖြစ်သူ လုပ်ပေးခဲ့တဲ့ မွေးနေ့စပရိုက်လေးကြောင့် အံသြပျော်ရွှင်ခဲ့ရတဲ့ မြူလင်းကိုကို
Read in UNICODE
လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသောသမီးလေး မြူလင်းကိုကိုက အသားဖြူဖြူဖွေးဖွေးလေးနဲ့ အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုငဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေကို ဝါသနာပါတဲ့ မြူလင်းကိုကိုက သူမလုပ်ချင်တာတွေ
လုပ်ခွင့်ရဖို့အတွက် မေမေလင်းဇာနည်ဇော်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြူလင်းကိုကိုက အနုပညာအလုပ်တွေ မလုပ်ကိုင်သေးပေမယ့် ပရိသတ်အချို့ကို အခိုင်အမာရရှိထားနှင့်ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ (၁၂) ရက်နေ့ကတော့ မြူလင်းကိုကိုရဲ့
မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မြူလင်းကိုကိုရဲ့ မွေးနေ့အတွက် မေမေလင်းဇာနည်ဇော်က Birthday Surprise လေးတစ်ခုကို ဖန်တီးပေးခဲ့တာကြောင့် မြူလင်းကိုကိုလေး တော်တော်လေး အံ့အားသင့်ပြီး ဝမ်းသာပျော်ရွှင်သွားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးအတွက်
မြူလင်းကိုကိုနဲ့ လင်းဇာနည်ဇော်တို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မြူလင်းကိုကိုကတော့ မေမေလင်းဇာနည်ဇော်ရဲ့ ဂရုစိုက်မှုတွေကြောင့် တစ်နှစ်ထက်တစ်နှစ်ကို လှသွေးကြွယ်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီနေ့ရဲ့ မွေးနေ့ရှင်လေး မြူလင်းကိုကိုအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။
Source : Myu Lin Ko Ko’s Facebook
Add a Comment
Your email address will not be published. Required fields are marked *