ဘေဘီမောင်ရဲ့ Online Shopping အတွက် အလုပ်တွေ ဝိုင်းလုပ်ပေးပြီး ပစ္စည်းတွေ လိုက်ပို့ပေးနေရတဲ့ သားဂန်း
Read in UNICODE
အဆိုတော်သားဂန်းကတော့ အဆိုတော်လောကမှာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချိုသာတဲ့ အသံလေးတွေနဲ့ အချစ်သီချင်းလေးတွေကို သီဆိုလေ့ရှိသူလေးပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ ပါဝင်တဲ့ နေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့
သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သားဂန်းနဲ့ဘေဘီမောင်တို့ ချစ်သူစုံတွဲလေးကတော့ လိုက်ဖက်ညီလွန်းပြီး ကြည်နူးစရာကောင်းတဲ့ အခချိန်တွေကို အတူတူဖြတ်သန်းလျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမတို့စုံတွဲလေးကတော့ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှ
ာ တစ်တွဲအပါအဝင်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်နဲ့လက်တွဲထားကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ သားဂန်းကတော့ ယခုမှာ ချစ်သူဘေဘီမောင်ရဲ့online shoppingအလုပ်ကို ဝိုင်းဝန်းကာလုပ်ကိုင်ပေးနေပြီး ပစ္စည်းတွေလိုက်ပို့ပေးနေခဲ့ပါတယ်။ ဘေဘီမောင်ကတော့
ချစ်သူသားဂန်းရဲ့ အလိုက်သိမှုလေးကြောင့် ပျော်ရွှင်ကြည်နူးနေခဲ့ပါတယ်။ သားဂန်းကတော့ ” စာရင်းကိုင် Deli အဖြစ်ခဏတာအလုပ်လုပ်နေရရင်ပျော်တယ်ခင်ဗျဘာလုပ်ရလုပ်ရပါ “ဆိုပြီး အလုပ်လုပ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်သားဂန်းနဲ့ မင်းသမီးချောလေးဘေဘီမောင်တို့ ချစ်သူစုံတွဲလေးရဲ့ ပျော်ရွှင်နေကြပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Thar Gan’s Facebook | Referene & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *