ဇနီးဖြစ်သူအတွက် ယောဂီထဘီလေး ကိုယ်တိုင်ချုပ်ပေးနေတဲ့ ကိုပေါက်





Read in UNICODE

အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ရပ်တည်အောင်မြင်ခဲ့ပြီး ယခုဆိုရင်ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်နေတဲ့ကိုပေါက်ကို သိကြမယ်ထင်ပါတယ်နော်။ သူဟာအနုပညာလောကမှာဆယ်စုနှစ်များစွာတိုင်

ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုအများအပြားရရှိတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုပေါက်ရိုက်ကူးခဲ့တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည်ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း အနုပညာရှင်တွေစုံလင်စွာနဲ့ရိုက်ကူးထားပြီး ပရိတ်သတ်အားပေးမှု

အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်နော်။ ဒါ့ပြင်သူဟာ ကဗျာတွေ ဇာတ်ညွှန်းတွေလည်းရေးတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ပျော်ရွှင်စရာမိသားစုလေးကိုလည်းတည်ထောင်ထားတာပါ။ ကိုပေါက်ဟာ မိသားစုနဲ့အတူပျော်ပျော်ပါးပါး tik tokဗီဒီယိုလေးတွေကို

အခွီပုံစံလေးရိုက်ကူးပြီးတင်ပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ မိန်းမဖြစ်သူအတွက်ယောဂီထဘီလေးကို ကိုယ်တိုင်ချုပ်လုပ်ပေးနေတဲ့ဗီဒီယိုလေး‌ကိုတင်ပေးလာပါတယ်။ ကဲ…..ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aung Min Naing’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *