သရက်ချောင်းရေတံခွန်မှာ ရေနစ်ပြီးသေဆုံးခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း အေးဆန်းအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထွန်းထွန်း
Read in UNICODE
ထွန်းထွန်းကတော့ လတ်တလောမှာ သူနဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေကို တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးနေရတယ်လို့ ဆိုနိုင်ပါတယ်။ ထွန်းထွန်းကတော့ သူချစ်တဲ့ မိတ်ဆွေတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေရကြောင်းကို အမြဲတမ်း ဖော်ပြလေ့ရှိသူတစ်ယောက်
ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ထွန်းထွန်းက နိုင်ငံရဲ့ ကြယ်ပွင့်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ထွန်းထွန်းက ဒီကနေ့ ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက ထားဝယ် သရက်ချောင်းရေတံခွန်မှာ ရေနစ်ပြီး ကွယ်လွန်သွားရှာတဲ့ 2011
အင်ဒိုဆီးဂိမ်းအသင်းခေါင်းဆောင်အေးဆန်းအတွက် စိတ်မကောင်းဖြစ်နေကြောင်းကို “စိတ်မကောင်းလိုက်တာဗျာ။ ကောင်းရာသုဂတိလားပါစေ….ကိုအေးဆန်း” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ သူကိုယ်တိုင်လည်း
ဘောလုံးအားကစားကို ရူးသွပ်သူတစ်ယောက်မို့ နိုင်ငံရဲ့ အဖိုးတန်ကြယ်ပွင့်တစ်ပွင့် လွင့်ပါးဆုံးရှုံးလိုက်ရတာကို စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူ ကိုအေးဆန်းလည်း ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Htin AUng Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *