သံဃာတော်တွေကို မွေးနေ့အလှူအဖြစ် ဝတ္ထုငွေနဲ့ ကြာဇံဟင်း ကိုယ်တိုင်ကပ်လှူခဲ့တဲ့ သွန်းမြတ်ကြယ်စင်




Read in UNICODE
ဒီနေ့ ဇွန်လ (၁၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သွန်မြတ်ကြယ်စင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့(၂၀၂၀)ဇွန်လ (၆)ရက်နေ့ မွေးနေ့ရက်မြတ်လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် သွန်းမြတ်ကြယ်စင်လေးက အသက်(၆)နှစ်တိတိကို

ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။မွေးနေ့ရက်လေးမှာတော့ မွေးနေ့အလှူအနေနဲ့ သူ့ရဲ့ အိမ်ရှေ့မှာပဲ ဆွမ်းတန်းကြွတဲ့ သံဃာတော်တွေကို ကြာဇံဟင်းနဲ့ ဝတ္ထုငွေတွေကို သွန်းမြတ်ကြယ်စင်လေးက ကိုယ်တိုင်ကပ်လှူခဲ့ပါတယ်။ အခုလို အလှူလေးပြုလုပ်ခဲ့တဲ့အကြောင်းကို


သွန်းမြတ်ကြယ်စင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “(၆) နှစ်ပြည့် မွေးနေ့ကုသိုလ် ဖြစ် သံဃာတော်များကို ကြာဇံဟင်း နဲ့ ဝတ္ထုငွေများ ကပ်လှူခဲ့ပါတယ်ရှင့်။ ပြုသမျှ ကုသိုလ်များ အားလုံး ရကြပါစေရှင့်။” လို့ ဖော်ပြထားပြီး ဒီနေ့ပြုရတဲ့ ကုသိုလ်ကောင်းမှုကို ပရိသတ်တွေအားလုံး ရစေဖို့တောင်းဆုပြုထားပါသေးတယ်။ သွန်းမြတ်ကြယ်စင်လေးရဲ့ မွေးနေ့အလှူလေးကို

ပရိသတ်တွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနိုင်အောင် ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ သွန်းမြတ်ကြယ်စင်လေးရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုရင် သွန်းမြတ်ကြယ်စင်လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ကြပါဦး။
Source : Thoon Myat Kyal Sin | Reference & Credit : Cele Gabar