ပရိသတ်တွေပို့ပေးတဲ့ လက်ဆောင်တွေ ဖောက်ကြည့်ရင်း သဘောတွေကျနေတဲ့ သံသာမိုးသိမ့်
Read in UNICODE
သံသာမိုးသိမ့်ကတော့ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် အားပေးတဲ့ပရိသတ်တွေပိုမိုများပြားလာခဲ့တာပါနော်။ သူမသ ရုပ်ဆောင်အလုပ်တွေမလုပ်ခင်မှာ အကယ်ဒမီရွှေကြိုဗန်းကိုင်
အဖြစ်ပါဝင်ခဲ့ဖူးခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလော ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ”အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးမေပျိုဖြူအဖြစ်ပါဝင်ထားတာပါ။ပရိသတ်တွေ အတွက်ထူးခြားတဲ့ ကာရိုက်တာတစ်မျိုးနဲ့
တင်ဆက်ထားပြီး ပရိသတ်တွေလတ်တလောမှာသဘောကျအားပေးနေတဲ့ဇာတ်လမ်းတွဲတစ်ခုဆိုရင်မှားနိုင်မယ်မထင်ပါဘူး။ ဒီနေ့မှာတော့သံသာမိုးသိမ့်ဟာ အခုချိန်မှာ ပရိသတ်အားပေးမှုတွေအခိုင်အမာရရှိနေပြီဖြစ်ကြောင်းကို သက်သေနဲ့တကွပြောပြလာတာပါနော်။” ပရိသတ်တွေ
ပို့ပေးတဲ့လက်ဆောင်တွေရရင်သဘောတွေကျနေရော ” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးနဲ့တကွဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော သံသာမိုးသိမ့်ရဲ့ ပရိသတ်တွေရှိလားမှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Than Thar Moe Theint’s Facebook
Add a Comment
Your email address will not be published. Required fields are marked *