အခက်အခဲကြုံနေကြတဲ့ ရုပ်ရှင်လောကသားတွေအတွက် အလှူငွေ(၅)သိန်း လှူဒါန်းခဲ့တဲ့ ရဲအောင်



Read in UNICODE
ဝါရင့်သရုပ်ဆောင် ရဲအောင်ကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ လတ်တလောမှာဖြစ်ပေါ်နေတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးမှုတွေလည်း ရပ်နားထားရတဲ့ အတွက် ရုပ်ရှင်လောကသားတော်တော်များများက အလုပ်လက်မဲ့နဲ့

စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ဒီနေ့ဇွန်လ (၁၂)ရက်နေ့မှာတော့ ရဲအောင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရုပ်ရှင်လောကသားတွေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ကူညီတဲ့ အနေနဲ့ အလှူငွေ (၅)သိန်းကို ရုပ်ရှင်အစည်းအရုံးကို

သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အခုလို လှူဒါန်းတဲ့ အကြောင်းကိုတော့ ရုပ်ရှင်အစည်းအရုံးရဲ့ တရာဝင်လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ပြုမှတ်တမ်းတင်တဲ့ အနေနဲ့ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရချိန်မှာ လုပ်ဖော်

ကိုင်ဖက်အနုပညာရှင်တွေအတွက် လှူဒါန်းပေးတဲ့ ရဲအောင်ရဲ့ စိတ်ထားလေးကိုတော့ ပရိသတ်တွေကလည်း ချီးကျူးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ရဲ့အောင်ရဲ့ အလှူလေးအတွက်ကို သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။
Source : Myanmar Motion Picture Organization | Reference & Credit : Cele Gabar