မိန်းကလေးဆိုပေမယ့် အလုပ်ရော ဘာသာရေးကော မပျက်စေရဘူးဆိုတဲ့ သံသာမိုးသိမ့်





Read in UNICODE

တက်သစ်စမင်းသမီးချောလေး သံသာမိုးသိမ့် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်ခုကို ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်နော်…။ သံသာမိုးသိမ့် ဟာဆိုရင် အနုပညာလမ်းကြောင်းကို အကယ်ဒမီရွှေကြိုကနေ စတင်လျှောက်လှမ်းလာခဲ့တာပြီး လက်ရှိမှာတော့ ရုပ်သံဇာတ်တွဲတွေအပြင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သံသာမိုးသိမ့်က ဆွဲဆောင်မှုရှိလှတဲ့ အပြုံးချိုချိုလေးတွေအပြင်

သွယ်လျကျစ်လျစ်တဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ လှရက်လွန်းနေသူလေးပါနော်..။ ဒါ့အပြင် မင်းသမီးချောလေး သံသာမိုးသိမ့် ကတော့ လတ်တလောမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ကပ်ရောဂါဆိုးကြီးကြောင့် ခဏတာရပ်နားထားခဲ့ရပေးမယ့် ယခုဆိုရင်တော့ ကြော်ငြာရိုက်ကူးမှုတွေကိုလည်း ပြန်လည်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့

“အချစ်ဖွဲ့လေညင်း ” ရုပ်သံဇာတ်လမ်းတွဲလေးကလည်း ပရိသတ်တွေရဲ့ အထူးအားပေးမှုတွေကို အပြည့်အဝရရှိနေပါတယ်နော်..။ ယခုတစ်ခါမှာတော့ မင်းသမီးချောလေး သံသာမိုးသိမ့်ဟာ အရင်ပရိသတ်တွေကို ဖော်ပြပေးတဲ့ ပုံရိပ်လေးတွေနဲ့ မတူပဲ တမှုထူးခြားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလားခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ သံသာမိုးသိမ့်ဟာ ရိုးရှင်းလှတဲ့

မြန်မာဆန်ဆန်ဝတ်စုံလေးကိုဝတ်ကာ အမြင်အေးစေတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေအချစ်ပိုအောင် ဖမ်းစားလိုက်ပြန်ပါပြီနော်..။ ဒီပုံလေးတွေနဲ့လည်း အချစ်တော်လေး သံသာမိုးသိမ့်က ” မိန်းကလေးနော် အလုပ်လည်းမပျက်စေရဘူး.. ဘာသာရေးလည်းမပျက်စေရဘူး” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းပြီး ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့် ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…။

Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *