သူမပိုင်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးရှေ့မှာ ယောကျာ်းသားတွေနဲ့အတူ ရင်ပေါင်တန်းပြီး ခြင်းခတ်နေတဲ့ ဖြူဖြူထွေး
Read in UNICODE
ဟာသဗီဒီယိုလေးတွေကနေ လူသိများလာခဲ့ပြီး အခုလက်ရှိမှာဆိုရင်ပရိတ်သတ်အားပေးမှုအပြည့်နဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးလေးဖြူဖြူထွေးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကြော်ငြာတွေလည်း အဆက်အပြတ်ရိုက်ကူးနေရတဲ့သူလေးဖြစ်တဲ့အပြင်
ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ဖြူဖြူထွေးဟာ အလှူဒါနလုပ်တဲ့နေရာမှာလည်း စေတနာသဒ္ဓါတရားထက်သန်တဲ့သူလေးဖြစ်ပြီး အမြဲတန်းအလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိသူပါ။ ဒါ့ပြင်မိဘအပေါ်ကိုလည်း
သိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပြီး လိမ္မာရေးခြားရှိတဲ့သူလေးပါ။ ဖြူဖြူထွေးဟာ အမြဲအလုပ်ကြိုးစားတဲ့သူလေးဖြစ်တာကြောင့် အခုဆိုရင်ပြည့်ပြည့်စုံစုံနဲ့ နေနေရတာပဲဖြစ်ပါတယ်။ဖြူဖြူထွေးဟာ သူမရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေ၊ အလှူဒါနပြုလုပ်တာလေးတွေကို တင်ပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း
သူမရဲ့Facebookစာမျက်နှာတွင် အားလပ်ချိန်တိုင်းလုပ်လေ့ရှိတဲ့ သူမရဲ့activityလေးကိုတင်ပေးလာပါတယ်။ သူမဟာ မိုးရွာထဲမှာ ယောကျာ်းသားတွေနဲ့အတူ ရင်ပေါင်တန်းပြီး ခြင်းခတ်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanamrload