ယေန႔က်ေရာက္တဲ့ ေမြးေန႔မွာ ေမာင္ျဖစ္သူ ဂြ်န္ဂိုအတြက္ ရည္စူးၿပီး အလွဴအတန္းေတြ လုပ္ေပးခဲ့တဲ့ ေနထူးႏိုင္ရဲ႕ ဇနီး ျမသင္းျခယ္

ဒီေန႔ ဇြန္လ (၁၂) ရက္ေန႔ကေတာ့ သ႐ုပ္ေဆာင္ ျမသင္းျခယ္ရဲ႕ ေမြးေန႔ ျဖစ္ပါတယ္။ သံဃာ (၅) ပါးအတြက္ အလႉေငြ၊ သက္ကၤန္း နဲ႔ ဆြမ္းထမင္း၊ ဟင္းမ်ား ကပ္လႉခဲ့တာကိုလည္း ေတြ႕ရပါတယ္။သူမဟာ ေမြးေန႔မွာ ေမာင္ေလးအရင္းျဖစ္သူ သ႐ုပ္ေဆာင္ဂြၽန္ဂို အတြက္ ရည္႐ြယ္ၿပီး အလႉလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ “ဒီေန႔မားရဲ႕ေမြးေန႔ေလးကို ေမြးေန႔ဆုမြန္ေတြပို႔သေပးတဲ့ ခ်စ္ရသူအားလုံးကိုေက်းဇူးအရမ္းတင္ပါတယ္ရွင္။ မားျခယ္ေမြးေန႔အလႉ

ေလးကိုေတာ့ေမာင္ေလးဂြၽန္ဂိုအတြက္ရည္စူးမႈေလးနဲ႔ပဲလႉပါတယ္။ ေမာင္ေလးသိႏိုင္ျမင္ႏိုင္ၾကားႏိုင္ရႏိုင္ပါေစ” ဆိုၿပီးေတာ့ ဇြန္လ ၁၂ ရက္ေန႔ ေန႔လယ္ ၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ဂြၽန္ဂိုဟာ ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္ျမသင္းျခယ္ရဲ႕ ေမာင္ေလး အငယ္ဆုံးျဖစ္သလို သ႐ုပ္ေဆာင္ေနထူးႏိုင္နဲ႔

ေယာက္ဖေတာ္စပ္ပါတယ္။ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္ေန႔ဆိုရင္ေတာ့ ဂြၽန္ဂို ကြယ္လြန္ခဲ့တာ ၆ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ အက္ရွင္မင္းသားေခ်ာ တစ္ေယာက္အေနနဲ႔ ဂြၽန္ဂိုဟာ ပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာ ရရွိပိုင္ဆိုင္ခဲ့သူတစ္ေယာက္ပါ။ အရပ္ရွည္ရွည္ အသားညိဳညိဳ အသက္ကလည္း ငယ္ေတာ့ တစ္ခ်ိန္က ေကာင္မေလး ပရိသတ္ေတြရဲ႕ အသဲစြဲ မင္းသားတစ္ေယာက္ ျဖစ္ခဲ့ဖူးပါတယ္။ ဂြၽန္ဂို

ေနာက္ဆုံး႐ိုက္ခဲ့တဲ့ ဇာတ္ကားကေတာ့ ” ငရဲအိုး” ဆိုတဲ့ အက္ရွင္ဇာတ္ကားျဖစ္ပါတယ္။ျမသင္းျခယ္ရဲ႕ ေမြးေန႔မွာ ခင္ပြန္းျဖစ္သူ သ႐ုပ္ေဆာင္ ေနထူးႏိုင္ကလည္း ဇနီးေခ်ာေလးအတြက္ ေမြးေန႔ ဆုေတာင္းစကားေတြ ေျပာထားပါေသးတယ္။ “ဒီေန႔က်ေရာက္တဲ့ (၃၇) ႏွစ္ေျမႇာက္ေမြးေန႔မွာစ

ႏိုင္ငံေက်ာ္အဆိုေတာ္ႀကီးျဖစ္ၿပီးေခတၱရာသူေရွာက္ေပါင္းနဲ႔ဒဏ္ေၾကးလိမ္းေဆးထုတ္လုပ္ေရာင္းခ်မႈလည္း ေရာင္းေကာင္းေအာင္ျမင္၍သာယာ ေပ်ာ္႐ႊင္တဲ့မိသားစုဘဝလဲပိုင္ဆိုင္ႏိုင္ပါေစ။ လိုရာဆႏၵေတြလဲျပည့္ဝေယာက်ၤားကိုလည္း ခ်စ္မဝေအာင္ျဖစ္ပါေစမိန္းမေရ” ဆိုၿပီးေတာ့ ဇြန္လ ၁၂ ရက္ေန႔ မနက္ ၁၂ နာရီဝန္းက်င္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ျမသင္းျခယ္က

လက္ရွိမွာ အႏုပညာအလုပ္ေတြ လုပ္ေနေပမယ့္ မိသားစုကို ပိုၿပီးအခ်ိန္ေပးျဖစ္ေနတာ ေတြ႕ရပါတယ္။ ကိုယ္ပိုင္စီးပြားေရးတစ္ခုျဖစ္တဲ့ ” ေခတၱရာသူ” ေရွာက္ေပါင္းေဆး ထုတ္လုပ္ေရာင္းခ်ေနတာျဖစ္ပါတယ္။ သူဟာ မၾကာေသးခင္ကလည္း သူ႔ရဲ႕ တစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ” တစ္ေန႔မွ ေမ့မရပါ” ဆိုတဲ့ ေတးစီးရီးကို ထြက္ရွိထားတာျဖစ္ပါတယ္။ျမသင္းျခယ္ ဟာ မ်က္ႏွာဝိုင္းဝိုင္း ဆံပင္ရွည္ရွည္နဲ႔ ပရိသတ္အခ်စ္ေတြ ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

Read in UNICODE

ဒီနေ့ ဇွန်လ (၁၂) ရက်နေ့ကတော့ သရုပ်ဆောင် မြသင်းခြယ်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သံဃာ (၅) ပါးအတွက် အလှူငွေ၊ သက်င်္ကန်း နဲ့ ဆွမ်းထမင်း၊ ဟင်းများ ကပ်လှူခဲ့တာကိုလည်း တွေ့ရပါတယ်။သူမဟာ မွေးနေ့မှာ မောင်လေးအရင်းဖြစ်သူ သရုပ်ဆောင်ဂျွန်ဂို အတွက် ရည်ရွယ်ပြီး အလှူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ “ဒီနေ့မားရဲ့မွေးနေ့လေးကို မွေးနေ့ဆုမွန်တွေပို့သပေးတဲ့ ချစ်ရသူအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်ရှင်။ မားခြယ်မွေးနေ့အလှူ

လေးကိုတော့မောင်လေးဂျွန်ဂိုအတွက်ရည်စူးမှုလေးနဲ့ပဲလှူပါတယ်။ မောင်လေးသိနိုင်မြင်နိုင်ကြားနိုင်ရနိုင်ပါစေ” ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဂျွန်ဂိုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်မြသင်းခြယ်ရဲ့ မောင်လေး အငယ်ဆုံးဖြစ်သလို သရုပ်ဆောင်နေထူးနိုင်နဲ့

ယောက်ဖတော်စပ်ပါတယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ဆိုရင်တော့ ဂျွန်ဂို ကွယ်လွန်ခဲ့တာ ၆ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အက်ရှင်မင်းသားချော တစ်ယောက်အနေနဲ့ ဂျွန်ဂိုဟာ ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ အရပ်ရှည်ရှည် အသားညိုညို အသက်ကလည်း ငယ်တော့ တစ်ချိန်က ကောင်မလေး ပရိသတ်တွေရဲ့ အသဲစွဲ မင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဂျွန်ဂို

နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ ” ငရဲအိုး” ဆိုတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။မြသင်းခြယ်ရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် နေထူးနိုင်ကလည်း ဇနီးချောလေးအတွက် မွေးနေ့ ဆုတောင်းစကားတွေ ပြောထားပါသေးတယ်။ “ဒီနေ့ကျရောက်တဲ့ (၃၇) နှစ်မြှောက်မွေးနေ့မှာစ

နိုင်ငံကျော်အဆိုတော်ကြီးဖြစ်ပြီးခေတ္တရာသူရှောက်ပေါင်းနဲ့ဒဏ်ကြေးလိမ်းဆေးထုတ်လုပ်ရောင်းချမှုလည်း ရောင်းကောင်းအောင်မြင်၍သာယာ ပျော်ရွှင်တဲ့မိသားစုဘဝလဲပိုင်ဆိုင်နိုင်ပါစေ။ လိုရာဆန္ဒတွေလဲပြည့်ဝယောင်္ကျားကိုလည်း ချစ်မဝအောင်ဖြစ်ပါစေမိန်းမရေ” ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ မနက် ၁၂ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။မြသင်းခြယ်က

လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေပေမယ့် မိသားစုကို ပိုပြီးအချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ” ခေတ္တရာသူ” ရှောက်ပေါင်းဆေး ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကလည်း သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ” တစ်နေ့မှ မေ့မရပါ” ဆိုတဲ့ တေးစီးရီးကို ထွက်ရှိထားတာဖြစ်ပါတယ်။မြသင်းခြယ် ဟာ မျက်နှာဝိုင်းဝိုင်း ဆံပင်ရှည်ရှည်နဲ့ ပရိသတ်အချစ်တွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *