ချစ်ဇနီးလေးကို Anniversary နေ့လေးမှာ ကိတ်မုန့်ကြီးနဲ့အတူ နေကြာပန်းစည်းကြီးနဲ့ စပရိုက်လုပ်ခဲ့တဲ့ ရွှေထူး
Read in UNICODE
ပရိသတ်ကြီးရေ ရွှေထူးကတော့ နှုတ်ခမ်းနီမလေးတွေ အရွယ်စုံအားပေး ခြင်းခံရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ သီချင်းတွေဟာ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားလေ့ရှိတာဖြစ်ပါတယ်။ သူ့ကိုအားပေးတဲ့ပရိသတ်တွေထဲမှာ နှုတ်ခမ်းနီမလေးတွေအများအပြားဖြစ်သလို ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးခြင်းလည်းရရှိသူလို့ဆိုနိုင်ပါတယ်။ရွှေထူး
ကတော့ အဆိုပိုင်းအပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင်ဘက်ပါ ကူးပြောင်းလာတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဘက်မှာလည်း တက်သစ်စသရုပ်ဆောင်ဖြစ်ပေမယ့် တကယ့် ဝါရင့်အနုပညာရှင်တွေဆီကရသလောက် ပညာတွေကို သင်ယူလေ့ရှိသူတစ်ဦးပါပဲနော်။ရွှေထူးရဲ့အိမ်ထောင်ရေးကတော့
ရွှေထူးလို့ပြောလိုက်တာနဲ့ ရွှေမှုံကိုပါတွဲပြီး တွေးမိရလောက်တဲ့ထိ ချစ်ကြတဲ့ ဇနီးမောင်နှံပါပဲနော်။ဒီနေ့မှာလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ “Happy Anniversary My Lovely Wife ”ဆိုတဲ့စာလေးနဲ့အတူ ရိုမန့်တစ်ဆန်ဆန် နေကြာပန်းစည်းလေးနဲ့အတူ ကိတ်မုန့်လေးကို
Anniversary လက်ဆောင်အဖြစ် Surpriseပြုလုပ်ခဲ့တာပါ။ လတိုင်းanniversaryနေ့လေးကိုမပျက်မကွက် သတိရကာရိုမန့်ဆန်တဲ့လက်ဆောင်လေးတွေပေးတတ်တဲ့ရွှေထူးတို့စုံတွဲကိုကြည့်ပြီး အားကျနေတဲ့ပရိသတ်တွေအများအပြားပါပဲနော်။ ပရိသတ်တွေလည်း ရွှေထူးနဲ့ ရွှေမှုံရဲ့ anniversary နေ့လေးအတွက် ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်။
Source : Shwe Htoo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *