ခ်စ္သူသက္တမ္းႏွစ္(၂၀)ျပည့္မွာ ႐ိုမန္႔တစ္ဆန္ဆန္ အမွတ္တရစကားေတြ ေျပာခဲ့တဲ့ ဇာဏ္ခီ နဲ႔ ခရစၥတီးနားခီ

ဇဏ္ခီနဲ႔ ဒါ႐ိုက္တာ ခရစၥတီးနားခီတို႔ ဇနီးေမာင္ႏွံကေတာ့ ဒီေန႔(ဇြန္လ ၁၂) ရက္မွာ ခ်စ္သူသက္တမ္း ႏွစ္(၂၀) ျပည့္ခဲ့ၿပီလို႔ သိရပါတယ္။ ခ်စ္ဇနီးေလးနဲ႔ ဆုံေတြ႕ခဲ့တဲ့ အမွတ္တရေတြကို ဇဏ္ခီက အခုလို ေျပာျပလာပါတယ္။” Happy 20th Anniversary, my love. အႏွစ္၂၀ ဆိုေပမယ့္ စေတြ႕တဲ့ေန႔က အူေၾကာင္ေၾကာင္ခံစားခ်က္က တစ္ေန႔ကလိုျဖစ္ေနတုန္းပဲ။ အူေၾကာင္ေၾကာင္ေကာင္ေလးက

အဲ့ဒီတုန္းက fashion ကအ႐ြဲ၊ အလုပ္ကမေကာင္း၊ ဘဏ္အေကာင့္မရွိ၊ အာပုတ္ေဆာ္နံၿပီး မာနကလည္းႀကီးခဲ့ေသးတယ္။ ဒါေပမယ့္အဲဒီ့ေကာင္ေလးက ရည္းစားျဖစ္ခါနီး မိနစ္ပိုင္းအလိုေတြမွာ “ကြၽန္ေတာ့္ ဘဝထဲဝင္မလာပါနဲ႔” လို႔ warning ေပးခဲ့ဖူးတယ္။ Warning လား ေထာင္ေခ်ာက္ဆင္တာလားေတာ့ အခုခ်ိန္ထိကိုယ့္ဟာကိုမႀကိမ္းေသဘူး။ ဒါေပမယ့္ ကံၾကမၼာကစီစဥ္ၿပီးသားမို႔လို႔လား

ဒါမွမဟုတ္ ေကာင္ေလးရဲ႕ေတာ္ကီေတြမွာေႂကြသြားလို႔လားမသိ ေကာင္မေလးနဲ႔ေကာင္ေလး ႐ူး႐ူးမိုက္မိုက္ခ်စ္သြားခဲ့ၾကတယ္။ ေနာက္ေတာ့ေကာင္ေလးဘာသိလိုက္ရလဲဆိုေတာ့ ေကာင္မေလးကလည္း သူ႔လို အ႐ူးေလးပဲဆိုတာကိုပါပဲ။ ဒါေၾကာင့္ဒီအ႐ူးေလးက

အ႐ူးမေလးကို still madly in love ပါလို႔.. You will always be my lobster” ဆိုၿပီးေတာ့ ဇြန္လ ၁၂ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ ေပ့ခ်္မွာေရးသားခဲ့ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ဟာ ၂၀၀၆ ခုႏွစ္အတြင္းမွာ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ အိမ္ေထာင္သက္တမ္း(၁၄) ႏွစ္ ရွိၿပီျဖစ္ပါတယ္။ တစ္ဦးတည္းေသာ

သားေလး ႏိုဝါ ၂၀၁၀ ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ကို ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။ သူတို႔ မိသားစုေလးကို အားက်လ်က္ရွိတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါ။ ဇဏ္ခီ နဲ႔ ခရစၥတီးနားခီတို႔ဟာ ပရိသတ္ အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ အႏုပညာရွင္ေတြျဖစ္ၾကပါတယ္။ သူတို႔ရဲ႕ သားေလး ႏိုဝါကိုလည္း ပရိသတ္ေတြက ခ်စ္ခင္ၾကတယ္လို႔ သိရပါတယ္။

Read in UNICODE

ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ဒီနေ့(ဇွန်လ ၁၂) ရက်မှာ ချစ်သူသက်တမ်း နှစ်(၂၀) ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ချစ်ဇနီးလေးနဲ့ ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေကို ဇဏ်ခီက အခုလို ပြောပြလာပါတယ်။” Happy 20th Anniversary, my love. အနှစ်၂၀ ဆိုပေမယ့် စတွေ့တဲ့နေ့က အူကြောင်ကြောင်ခံစားချက်က တစ်နေ့ကလိုဖြစ်နေတုန်းပဲ။ အူကြောင်ကြောင်ကောင်လေးက

အဲ့ဒီတုန်းက fashion ကအရွဲ၊ အလုပ်ကမကောင်း၊ ဘဏ်အကောင့်မရှိ၊ အာပုတ်ဆော်နံပြီး မာနကလည်းကြီးခဲ့သေးတယ်။ ဒါပေမယ့်အဲဒီ့ကောင်လေးက ရည်းစားဖြစ်ခါနီး မိနစ်ပိုင်းအလိုတွေမှာ “ကျွန်တော့် ဘဝထဲဝင်မလာပါနဲ့” လို့ warning ပေးခဲ့ဖူးတယ်။ Warning လား ထောင်ချောက်ဆင်တာလားတော့ အခုချိန်ထိကိုယ့်ဟာကိုမကြိမ်းသေဘူး။ ဒါပေမယ့် ကံကြမ္မာကစီစဉ်ပြီးသားမို့လို့လား

ဒါမှမဟုတ် ကောင်လေးရဲ့တော်ကီတွေမှာကြွေသွားလို့လားမသိ ကောင်မလေးနဲ့ကောင်လေး ရူးရူးမိုက်မိုက်ချစ်သွားခဲ့ကြတယ်။ နောက်တော့ကောင်လေးဘာသိလိုက်ရလဲဆိုတော့ ကောင်မလေးကလည်း သူ့လို အရူးလေးပဲဆိုတာကိုပါပဲ။ ဒါကြောင့်ဒီအရူးလေးက

အရူးမလေးကို still madly in love ပါလို့.. You will always be my lobster” ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာရေးသားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ၂၀၀၆ ခုနှစ်အတွင်းမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ထောင်သက်တမ်း(၁၄) နှစ် ရှိပြီဖြစ်ပါတယ်။ တစ်ဦးတည်းသော

သားလေး နိုဝါ ၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သူတို့ မိသားစုလေးကို အားကျလျက်ရှိတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီတို့ဟာ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ သားလေး နိုဝါကိုလည်း ပရိသတ်တွေက ချစ်ခင်ကြတယ်လို့ သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *