ကေလးဆန္လြန္းတဲ့စိတ္ေတြ လူတစ္ေယာက္ေၾကာင့္ ေျပာင္းလဲခဲ့တာ (၂၃)ႏွစ္ေတာင္ရွိၿပီဆိုတဲ့ လင္းဇာနည္ေဇာ္

ေအာင္ျမင္ေက်ာ္ၾကားတဲ့မင္းသမီးတစ္လက္အေနနဲ႔ တစ္ေခတ္တစ္ခါက ရပ္တည္ခဲ့တဲ့ လင္းဇာနည္ေဇာ္ကိုေတာ့ အခုခ်ိန္ထိလည္း ပရိသတ္ႀကီးက အခ်စ္ပိုေနရဆဲပါ။ ခ်စ္ဖို႔ေကာင္းတဲ့စကားေျပာပုံေလးနဲ႔ သူ႔လို႔ပဲ ခ်စ္ဖို႔ေကာင္းတဲ့သမီးေလးကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ ဒီေန႔ကေတာ့ ျမဴလင္းေလးရဲ႕(၂၃) ႏွစ္ျပည့္ေမြးေန႔ေလးျဖစ္ၿပီး

သမီးေလးကိုေမြးၿပီးေနာက္ပိုင္း စိတ္ဓာတ္ပိုင္းဆိုင္ရာေတြပါ ေျပာင္းလဲခဲ့ရတဲ့ သူ႔ဘဝရဲ႕တစ္စိတ္တစ္ပိုင္းကို ျပန္လည္မွ်ေဝခဲ့ပါတယ္။ “အၿမဲတမ္းခေလးဆန္ဆန္ေနတတ္တဲ့က်မ… အရာရာေပ်ာ့ညံ့တတ္တဲ့က်မ.. အေၾကာက္အလန္႔ႀကီးတတ္တဲ့က်မ… ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈမရွိတတ္တဲ့က်မ

ဒါေတြအားလုံးေျပာင္းျပန္ျဖစ္သြားတာ ….မနက္ဖန္ဆို(၂၃)ႏွစ္ေတာင္ရွိၿပီေပါ့.. သူ႔အတြက္..အားေတြေမြးႏိုင္ခဲ့တယ္.. မတ္မတ္ရပ္ႏိုင္ခဲ့တယ္.. အစစႀကိဳးစားခဲ့တယ္.. သူ႔အတြက္..သူ႔အတြက္..သူ႔အတြက္ေတြနဲ႔ခရီးဆက္ရင္း က်မ အလိုလိုဒုတိယေနရာေရာက္သြားခဲ့တာပဲ…တာဝန္တစ္ခုေၾကာင့္မဟုတ္ပါပဲ… ေပးဆပ္ရင္းနဲ႔ေက်နပ္ေနမိတာ.. လိုအပ္တာမရွိႏိုင္ေအာင္ျဖည့္ဆည္းေပးခ်င္

တာ.. ထိုထိုေသာမနက္ဖန္ေလးအတြက္ ရင္ေတြခုန္ခဲ့ရတဲ့(၂၃)ႏွစ္တာကို ျပန္သတိရရင္း… က်မအတြက္ က်မထက္ပိုၿပီး အေရးပါလွတဲ့’သူ’ေလးက ဘယ္သူျမန္းျဖစ္ႏိုင္အုံးမွာလဲ” ဆိုၿပီး ပရိသတ္ႀကီးကို ေမးခြန္းထုတ္ခဲ့ပါတယ္။ (၂၃) ႏွစ္တာလုံး ဒီလိုေျပာင္းလဲမႈေတြနဲ႔ ေရွ႕ဆက္ဖို႔ႀကိဳးစားခဲ့တာ

ျမဴလင္းေလးအတြက္က လြဲလို႔ဘယ္သူ႔အတြက္ ျဖစ္ႏိုင္ဦးမွာလဲ ပရိသတ္ႀကီးေရ… သမီးေလးျမဴလင္းကိုကို ကို မိခင္တစ္ေယာက္ရဲ႕အားနဲ႔ မ်က္ႏွာမငယ္ရေအာင္ အစစအရာရာျဖည့္ဆည္းေပးတတ္လြန္းတဲ့ ေမေမလင္းဇာနည္ေဇာ္ကေတာ့ သမီးေလးရဲ႕ေမြးေန႔အတြက္ ည(၁၂) နာရီေက်ာ္ကတည္းက ရင္ထဲက စကားလုံးေတြနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေမြးေန႔စာေလးေရးေပးခဲ့တာပဲ ျဖစ္ပါတယ္။

Read in UNICODE

အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်အနေနဲ့ တစ်ခေတ်တစ်ခါက ရပ်တည်ခဲ့တဲ့ လင်းဇာနည်ဇော်ကိုတော့ အခုချိန်ထိလည်း ပရိသတ်ကြီးက အချစ်ပိုနေရဆဲပါ။ ချစ်ဖို့ကောင်းတဲ့စကားပြောပုံလေးနဲ့ သူ့လို့ပဲ ချစ်ဖို့ကောင်းတဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီနေ့ကတော့ မြူလင်းလေးရဲ့(၂၃) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး

သမီးလေးကိုမွေးပြီးနောက်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲခဲ့ရတဲ့ သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို ပြန်လည်မျှဝေခဲ့ပါတယ်။ “အမြဲတမ်းခလေးဆန်ဆန်နေတတ်တဲ့ကျမ… အရာရာပျော့ညံ့တတ်တဲ့ကျမ.. အကြောက်အလန့်ကြီးတတ်တဲ့ကျမ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတတ်တဲ့ကျမ

ဒါတွေအားလုံးပြောင်းပြန်ဖြစ်သွားတာ ….မနက်ဖန်ဆို(၂၃)နှစ်တောင်ရှိပြီပေါ့.. သူ့အတွက်..အားတွေမွေးနိုင်ခဲ့တယ်.. မတ်မတ်ရပ်နိုင်ခဲ့တယ်.. အစစကြိုးစားခဲ့တယ်.. သူ့အတွက်..သူ့အတွက်..သူ့အတွက်တွေနဲ့ခရီးဆက်ရင်း ကျမ အလိုလိုဒုတိယနေရာရောက်သွားခဲ့တာပဲ…တာဝန်တစ်ခုကြောင့်မဟုတ်ပါပဲ… ပေးဆပ်ရင်းနဲ့ကျေနပ်နေမိတာ.. လိုအပ်တာမရှိနိုင်အောင်ဖြည့်ဆည်းပေးချင်

တာ.. ထိုထိုသောမနက်ဖန်လေးအတွက် ရင်တွေခုန်ခဲ့ရတဲ့(၂၃)နှစ်တာကို ပြန်သတိရရင်း… ကျမအတွက် ကျမထက်ပိုပြီး အရေးပါလှတဲ့’သူ’လေးက ဘယ်သူမြန်းဖြစ်နိုင်အုံးမှာလဲ” ဆိုပြီး ပရိသတ်ကြီးကို မေးခွန်းထုတ်ခဲ့ပါတယ်။ (၂၃) နှစ်တာလုံး ဒီလိုပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်ဖို့ကြိုးစားခဲ့တာ

မြူလင်းလေးအတွက်က လွဲလို့ဘယ်သူ့အတွက် ဖြစ်နိုင်ဦးမှာလဲ ပရိသတ်ကြီးရေ… သမီးလေးမြူလင်းကိုကို ကို မိခင်တစ်ယောက်ရဲ့အားနဲ့ မျက်နှာမငယ်ရအောင် အစစအရာရာဖြည့်ဆည်းပေးတတ်လွန်းတဲ့ မေမေလင်းဇာနည်ဇော်ကတော့ သမီးလေးရဲ့မွေးနေ့အတွက် ည(၁၂) နာရီကျော်ကတည်းက ရင်ထဲက စကားလုံးတွေနဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ မွေးနေ့စာလေးရေးပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source : Lin Zar Ni Zaw | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *