ကျော်ထက်ဇော်ကို ပါးရိုက်တဲ့အခန်းမှာ လက်သံပြောင်ပြောင်နဲ့ တကယ်ရိုက်ခဲ့တာကြောင့် အားနာမိတယ်ဆိုတဲ့ သံသာမိုးသိမ့်
Read in UNICODE
ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးနဲ့ သွက်လက်တဲ့အမူအရာလေးတွေနဲ့ သရုပ်ဆောင်တတ်တဲ့ Mrtv-4 ရဲ့မင်းသမီးချောလေး သံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်အားပေးမှုရရှိလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။သံသာမိုးသိမ့်ဟာ
ပရိတ်သတ်တွေနဲ့လည်းရင်းရင်းနှီးနှီးနေတတ်လေ့ရှိသူဖြစ်တာကြောင့် ပရိတ်တွေရဲ့ချစ်ခင်အားပေးမှုအပြည့်အဝရရှိထားသူလေးပါ။ ယခုအခါမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဖွဲ့လေညင်း ဆိုတဲ့ဇာတ်လမ်းတွဲပြသနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်လည်း
မေပျိုဖြူအနေနဲ့ သွက်သွက်လက်လက်လေးသရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။ အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း သံသာမိုးသိမ့်နဲ့ကျော်ထက်ဇော်ဟာ အတွဲညီညီနဲ့သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ “ကိုကျော် Kyaw Htet Zaw တကယ်လေးစားတယ်..ကိုယ်ကလေ..
အရမ်းလက်သံပြောင်တယ်ကိုယ်စနောက်ပြီးရိုက်တာတောင် တော်ရုံမခံနိုင်ဘူးဒါကြောင့်နောက်ပိုင်းသူများတွေတောင်မစဘူးပါးရိုက်တဲ့ scene တွေဆို သံသာကတကယ်မရိုက်ဘူး.. ဒါရိုက်တာကလည်းတကယ်အစစ်ပဲလိုချင်တယ်ဆိုတော့ ကိုကျော်ထက်စိတ်ညစ်တာကိုယ်ပါ..
ကိုယ့်လက်သံနဲ့ဆိုသူတစ်ရက်ကတော်တော်အီမာကို.. ဘယ်လိုမှလျှော့ရိုက်လို့မရဘူး အခါခါများလာတော့ လက်လျှော့တောင်းပန်ပီး တကယ်ရိုက်ရတော့တာပဲ.. ကိုကျော်လည်းတကယ်ကိုအနာခံပြီးသရုပ်ဆောင်တာပါ.. ကိုကျော်ရေအနာခံပေးလို့ကျေးဇူးပါ” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှ‌ဝေပေးလိုက်ပါတယ်နော်။
Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanmarlaod
Add a Comment
Your email address will not be published. Required fields are marked *