ဇနီးျဖစ္သူ ျမသင္းခ်ယ္ရဲ႕ ေမြးေန႔အတြက္ တစ္လံုးတခဲႀကီး ဆုေတာင္းေပးခဲ့တဲ့ ေနထူးႏိုင္

ျမန္မာသံစဥ္ေတးသီခ်င္းေတြနဲ႔ ပရိသတ္ေတြရဲ႕ဘဝအေမာေျပေစသူမားျခယ္ကေတာ့ ေနထူးႏိုင္နဲ႔အေၾကာင္းပါခဲ့ၿပီး ခ်စ္ဖို႔ေကာင္းတဲ့သားေလးႏွစ္ေယာက္နဲ႔အတူ သာယာခ်မ္းေျမ့တဲ့ဘဝေလးကို ပိုင္ဆိုင္ထားသူပါ။ သူကေတာ့ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္လို႔

ဆိုရေအာင္ ခင္ပြန္းနဲ႔သားေလးေတြအတြက္ ဘက္ေပါင္းစုံက ေထာင့္စိေအာင္စဥ္းစားတတ္သူဆိုရင္လည္း မမွားပါဘူး။ ဒီေန႔ဇြန္လ(၁၂)ရက္ေန႔ေလးကေတာ့ ျမသင္းျခယ္ရဲ႕(၃၇) ႏွစ္ျပည့္ေမြးေန႔ေလးျဖစ္ၿပီး ေနထူးႏိုင္ကေတာ့ ျမသင္းျခယ္ရဲ႕ေမြးေန႔ေလးမွာ “ဒီေန႔က်ေရာက္တဲ့

(၃၇)ႏွစ္ေျမာက္ေမြးေန႔မွာစ ႏိုင္ငံေက်ာ္အဆိုေတာ္ႀကီးျဖစ္ၿပီးေခတၱရာသူေရွာက္ေပါင္းနဲ႔ဒဏ္ေၾကးလိမ္းေဆးထုတ္လုပ္ေရာင္းခ်မႈလည္းေရာင္းေကာင္းေအာင္ျမင္၍ သာယာေပ်ာ္႐ႊင္တဲ့မိသားစုဘဝလည္း ပိုင္ဆိုင္ႏိုင္ပါေစ… လိုရာဆႏၵေတြလည္းျပည့္ဝေယာက်္ားကိုလည္း

ခ်စ္မဝေအာင္ျဖစ္ပါေစမိန္းမေရ” ဆိုၿပီး ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။ မားျခယ္ကေတာ့ ဒီေန႔သူ႔ရဲ႕ေမြးေန႔မနက္ခင္းေလးမွာ ကိုယ္တိုင္ခ်က္အုန္းႏို႔ေခါက္ဆြဲေလးနဲ႔ အခ်ိဳပြဲပူတင္းေလးကို သံဃာေတာ္ေတြကို ဆက္ကပ္လႉဒါန္းေပးခဲ့ပါတယ္။ ဒီေန႔က်ေရာက္တဲ့ေမြးေန႔ေလးကစၿပီး ခ်စ္ရတဲ့မိသားစုနဲ႔ ဒီထက္မက ေပ်ာ္႐ႊင္စရာေတြအျပည့္နဲ႔ျဖတ္သန္းသြားႏိုင္ပါေစလို႔ ဆယ္လီကမာၻမွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ဘဝအမောပြေစေသူမားခြယ်ကတော့ နေထူးနိုင်နဲ့အကြောင်းပါခဲ့ပြီး ချစ်ဖို့ကောင်းတဲ့သားလေးနှစ်ယောက်နဲ့အတူ သာယာချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ သူကတော့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို့

ဆိုရအောင် ခင်ပွန်းနဲ့သားလေးတွေအတွက် ဘက်ပေါင်းစုံက ထောင့်စိအောင်စဉ်းစားတတ်သူဆိုရင်လည်း မမှားပါဘူး။ ဒီနေ့ဇွန်လ(၁၂)ရက်နေ့လေးကတော့ မြသင်းခြယ်ရဲ့(၃၇) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး နေထူးနိုင်ကတော့ မြသင်းခြယ်ရဲ့မွေးနေ့လေးမှာ “ဒီနေ့ကျရောက်တဲ့

(၃၇)နှစ်မြောက်မွေးနေ့မှာစ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်ပြီးခေတ္တရာသူရှောက်ပေါင်းနဲ့ဒဏ်ကြေးလိမ်းဆေးထုတ်လုပ်ရောင်းချမှုလည်းရောင်းကောင်းအောင်မြင်၍ သာယာပျော်ရွှင်တဲ့မိသားစုဘဝလည်း ပိုင်ဆိုင်နိုင်ပါစေ… လိုရာဆန္ဒတွေလည်းပြည့်ဝယောကျ်ားကိုလည်း

ချစ်မဝအောင်ဖြစ်ပါစေမိန်းမရေ” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ မားခြယ်ကတော့ ဒီနေ့သူ့ရဲ့မွေးနေ့မနက်ခင်းလေးမှာ ကိုယ်တိုင်ချက်အုန်းနို့ခေါက်ဆွဲလေးနဲ့ အချိုပွဲပူတင်းလေးကို သံဃာတော်တွေကို ဆက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။ ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး ချစ်ရတဲ့မိသားစုနဲ့ ဒီထက်မက ပျော်ရွှင်စရာတွေအပြည့်နဲ့ဖြတ်သန်းသွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source : Nay Htoo Naing & Mya Thin Chal’s Facebook | Source : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *