လက္ရွိ စီးပြားေရး အၾကပ္အတည္းေတြေၾကာင့္ အနာဂတ္ဟာ ထင္သလို ျဖစ္မလာႏိုင္ဘူးဆိုတဲ့ မင္းေမာ္ကြန္း

ကမာၻအႏွံ႔အျပားမွာ ျဖစ္ေပၚေနတဲ့ COVID-19 ကူးစက္ေရာဂါေၾကာင့္ စီးပြားေရး၊ စားဝတ္ေနေရး အၾကပ္အတည္းေတြ ႀကဳံေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းဟာ Covid ကာလ ၾကာျမင့္လာသည္နဲ႔အမွ် သူ႔ရဲ႕ ကိုယ္ပိုင္ အေတြးေလးေတြကို အခုလို ေျပာျပလာပါတယ္။ “ကြၽန္ေတာ္တို႔ေနတဲ့ ကမာၻႀကီးက တစ္ဆစ္ခ်ိဳး ေျပာင္းလဲသြားပါၿပီ။ လာမယ့္အနာဂါတ္ဟာ ကြၽန္ေတာ္တို႔ေတြးထားသလို

မျဖစ္ႏိုင္ေတာ့ပါဘူး။ ရင္ဆိုင္ႏိုင္ဖို႔ အရာရာႀကိဳတြက္ထားဖို႔ ျပင္ဆင္ထားဖို႔ လိုပါၿပီ။ ႐ုပ္ရွင္႐ုံေတြထဲမွာ သုံးေပျခားလိုက္ရင္ ဝင္ေငြသုံးပုံႏွစ္ပုံနစ္နာပါၿပီ။ ဒါေတာင္ အေကာင္းဆုံးကားေတြမွ။ ဂီတ ထို႔အတူေပါ့ အရင္လိုခုန္ေနမယ့္ပရိတ္သတ္ေတြအစားMask ေလးတပ္ၿပီး ေဝးေဝးကနားေထာင္လိမ့္မယ္။ သဘင္လိုအပ္ ထူးမျခားနားေပါ့။ ျဖာေရာင္းအားထက္ Mask ေရာင္းအားကပိုမ်ားလာမယ္” ဆိုၿပီးေတာ့ ဇြန္လ ၁၁ ရက္ေန႔ ညေနပိုင္းက

သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးသားထားတာ ျဖစ္ပါတယ္။ မင္းေမာ္ကြန္း အေနနဲ႔ အြန္လိုင္း စာမ်က္ႏွာေပၚမွာ ေဈးေရာင္းေနၾကသူေတြ အတြက္လည္း စီးပြားေရး အၾကပ္အတည္း ရင္ဆိုင္လာရႏိုင္တယ္လို႔ ဆိုပါတယ္။ ” Online delivery လား၊ လူတိုင္းေရာင္းသာေရာင္း စားမယ့္သူမရွိျဖစ္လာေတာ့မယ္။ က်န္တာေတြ အမ်ားႀကီး အမ်ားႀကီးရွိေသးတယ္။ အဲ့ဒီေတာ့ကြၽန္ေတာ္တို႔ တစ္ဆစ္ခ်ိဳးေျပာင္းသြားတဲ့ဒီကမာၻႀကီးနဲ႔

ကိုက္ညီလိုက္မွီဖို႔ရာ ကြၽန္ေတာ္တို႔အားလုံးအတြက္ မျဖစ္မေနေျပာင္းလဲဖို႔လိုအပ္ေနပါေၾကာင္း။ မင္းေမာ္ကြန္း” ဆိုၿပီးေတာ့ ဆက္လက္ ေရးသားခဲ့ပါတယ္။ မင္းေမာ္ကြန္းရဲ႕ စာသားေလးေတြ အေပၚ အႏုပညာေမာင္ႏွမေတြကလည္း အားေပး ေထာက္ခံ ခဲ့တာ ေတြ႕ရပါတယ္။ မင္းေမာ္ကြန္း(Min Maw Khon) က လက္ရွိမွာ သူခ်စ္ရတဲ့ ဇနီးနဲ႔ အတူ

သားသမီး ၃ ေယာက္ပိုင္ဆိုင္ထားတဲ့ ဖခင္ျဖစ္ပါတယ္။ အႀကီးဆုံးကေတာ့ သားႀကီး ေမာင္မင္းျမတ္ျဖစ္ပါတယ္။ သမီးအလတ္ကေတာ့ ေလေျပေသြးပါ။ သူမကေတာ့ အႏုပညာအလုပ္ေတြ လုပ္ကိုင္လွ်က္ရွိပါတယ္။ အငယ္ဆုံးသားေလးကိုေတာ့ ဧကဘုန္းျမတ္ လို႔ နာမည္ေပးထားပါတယ္။ ေလေျပေသြးကိုလည္း မင္းေမာ္ကြန္းရဲ႕ သမီး၊ ဦးဇင္ဝိုင္းရဲ႕ ေျမး အျဖစ္ ပရိသတ္ေတြအမ်ားႀကီးက အားေပးခဲ့ၾကပါတယ္။

Read in UNICODE

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေး၊ စားဝတ်နေရေး အကြပ်အတည်းတွေ ကြုံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင် မင်းမော်ကွန်းဟာ Covid ကာလ ကြာမြင့်လာသည်နဲ့အမျှ သူ့ရဲ့ ကိုယ်ပိုင် အတွေးလေးတွေကို အခုလို ပြောပြလာပါတယ်။ “ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက တစ်ဆစ်ချိုး ပြောင်းလဲသွားပါပြီ။ လာမယ့်အနာဂါတ်ဟာ ကျွန်တော်တို့တွေးထားသလို

မဖြစ်နိုင်တော့ပါဘူး။ ရင်ဆိုင်နိုင်ဖို့ အရာရာကြိုတွက်ထားဖို့ ပြင်ဆင်ထားဖို့ လိုပါပြီ။ ရုပ်ရှင်ရုံတွေထဲမှာ သုံးပေခြားလိုက်ရင် ဝင်ငွေသုံးပုံနှစ်ပုံနစ်နာပါပြီ။ ဒါတောင် အကောင်းဆုံးကားတွေမှ။ ဂီတ ထို့အတူပေါ့ အရင်လိုခုန်နေမယ့်ပရိတ်သတ်တွေအစားMask လေးတပ်ပြီး ဝေးဝေးကနားထောင်လိမ့်မယ်။ သဘင်လိုအပ် ထူးမခြားနားပေါ့။ ဖြာရောင်းအားထက် Mask ရောင်းအားကပိုများလာမယ်” ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက

သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ မင်းမော်ကွန်း အနေနဲ့ အွန်လိုင်း စာမျက်နှာပေါ်မှာ ဈေးရောင်းနေကြသူတွေ အတွက်လည်း စီးပွားရေး အကြပ်အတည်း ရင်ဆိုင်လာရနိုင်တယ်လို့ ဆိုပါတယ်။ ” Online delivery လား၊ လူတိုင်းရောင်းသာရောင်း စားမယ့်သူမရှိဖြစ်လာတော့မယ်။ ကျန်တာတွေ အများကြီး အများကြီးရှိသေးတယ်။ အဲ့ဒီတော့ကျွန်တော်တို့ တစ်ဆစ်ချိုးပြောင်းသွားတဲ့ဒီကမ္ဘာကြီးနဲ့

ကိုက်ညီလိုက်မှီဖို့ရာ ကျွန်တော်တို့အားလုံးအတွက် မဖြစ်မနေပြောင်းလဲဖို့လိုအပ်နေပါကြောင်း။ မင်းမော်ကွန်း” ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ မင်းမော်ကွန်းရဲ့ စာသားလေးတွေ အပေါ် အနုပညာမောင်နှမတွေကလည်း အားပေး ထောက်ခံ ခဲ့တာ တွေ့ရပါတယ်။ မင်းမော်ကွန်း(Min Maw Khon) က လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ

သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ လေပြေသွေးကိုလည်း မင်းမော်ကွန်းရဲ့ သမီး၊ ဦးဇင်ဝိုင်းရဲ့ မြေး အဖြစ် ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *