ပရိသတ်တွေကို ပထမဆုံးရင်သွေးလေးရတော့မှာဖြစ်ကြောင်း အသိပေးခဲ့တဲ့ ထူးခြား
Read in UNICODE
ထူးခြားကတော့ အက်ရှင်ကားတွေထဲမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ သရုပ်ဆောင် ပီပြင်လွန်းတဲ့အတွက် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဇာတ်ပို့ မင်းသားတစ်ယောက် ဆိုတာ အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော် ။ အက်ရှင်ကားတော်တော်များများမှာ
ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်နဲ့မစိမ်းတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။ ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ ဝက်နံရိုးမီးတောက်ဟင်းကို ဇနီးဖြစ်သူနဲ့အတူ ရောင်းချနေပြီး ပရိသတ်တွေကလည်း တခဲနက်ဝယ်ယူအားပေးခဲ့ကြပါတယ် ။ လတ်တလောမှာတော့
ထူးခြားက ပရိသတ်တွေကို သတင်းကောင်းလေးတစ်ခုအဖြစ် ချစ်ဇနီးက ပထမဆုံးကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်းကို ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ အသိပေးလာခဲ့ပါတယ် ။ ပရိသတ်တွေလည်း
ထူးခြားနဲ့ထပ်တူထပ်မျှဝမ်းသာနေကြမယ်လို့ထင်ပါတယ် ။ ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေက ဂုဏ်ပြုစကားတွေ ဝေဆာနေအောင် မှတ်ချက်တွေပေးထားကြတာလည်းတွေ့ရပါတယ် ။ ကိုယ်ဝန်က အခုမှ (၅) ပတ်ပဲရှိသေးတာဖြစ်ပြီး ကျန်းမာတဲ့ ရင်သွေးလေး မွေးဖွားလာဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။
Source : Htoo Char’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *