ကခ်င္႐ိုးရာ အမဲသားစင္းေကာဟင္းေလးကို ကိုယ္တိုင္လက္စြမ္းျပ ခ်က္ျပခဲ့တဲ့ ေအာင္လအန္ဆန္း

ကမာၻ႔အလယ္မွာ ျမန္မာ့ဂုဏ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေအာင္လအန္ဆန္ကေတာ့ ျမန္မာ့အားကစားေလာကမွာ ေက်ာက္တိုင္ တစ္ခုကိုစိုက္ထူႏိုင္ခဲ့ၿပီးလည္းျဖစ္ပါတယ္။ ေအာင္လအန္ဆန္ကေတာ့ ၂၀၁၉ ႏွစ္က ၿပိဳင္ပြဲတိုင္းမွာလည္း အေကာင္းဆုံး ထိုးသက္ႏိုင္ခဲ့ၿပီး ပရိသတ္ေတြကလည္း

အမ်ားအျပား ဝန္ရံလာၾကတာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ေအာင္လအန္ဆန္ကေတာ့ တစ္ႏွစ္တာ အေကာင္းဆုံး ဖိုက္တာ 2019 International Fighter Of the Year ဆုတံဆိပ္ကို ရရွိခဲ့ပါတယ္ေနာ္..။ေအာင္လအန္ဆန္ ဟာ ၂၀၂၀ မွာေတာ့ ထိုးသတ္ရမယ့္ ၿပိဳင္ပြဲေတြရွိေပမယ့္လည္း

ကပ္ေရာဂါဆိုးႀကီးေၾကာင့္ ယင္းပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းထားတာျဖစ္တာပဲျဖစ္ပါတယ္။ ယွဥ္ၿပိဳင္ထိုးသတ္ရမယ့္ ၿပိဳင္ပြဲေတြမရွိေသးေပမယ့္ လတ္တေလာ ကပ္ေရာဂါတိုက္ဖ်က္ေရး အခ်ိန္ကာလေလးမွာ ခ်စ္ရတဲ့မိသားစု နဲ႔ အတူတူ ေအးေအးခ်မ္းခ်မ္းျဖတ္သန္းေနထိုင္ေနၿပီး

ေလ့က်င့္မႈေတြကိုလည္း ေန႔စဥ္မျပတ္ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။ ယခုတစ္ခါမွာေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေလး ေအာင္လအန္ဆန္ကေတာ့ အရင္ကေတြ႕ေနတဲ့ပုံစံေလးနဲ႔မတူပဲတမူထူးျခားတဲ့ မီးဖိုးခန္းထဲကိုဝင္ၿပီး အရသာရွိေလာက္မယ့္ ကခ်င္ဟင္းလ်ာေလးကို ကိုယ္တိုင္ခ်က္ထားတဲ့ ပုံရိပ္ေလးေတြကိုတင္ေပးလာခဲ့ပါတယ္။ ဒီပုံေလးေတြနဲ႔လည္း

ေအာင္လအန္ဆန္က “ကြၽန္ေတာ့္အိမ္ကိုဘယ္သူေတြမ်ားညစာလာစားၾကမလဲ….ကခ်င္လို”ရွန္ခတ္”လို႔ေခၚတဲ့ကခ်င္႐ိုးရာအမဲသားစင္းေကာဟင္းခ်က္ထားပါတယ္” ဆိုၿပီး ေရးသားထားပါေသးတယ္။ ကဲ…ခ်စ္ပရိသတ္ႀကီးေရ မီးဖိုးခန္းထဲဝင္ၿပီး ကိုယ္တိုင္ဟင္းခ်က္ေနတဲ့ အခ်စ္ေတာ္ေလး ေအာင္လအန္ဆန္ ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Read in UNICODE

ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မြန်မာ့အားကစားလောကမှာ ကျောက်တိုင် တစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ၂၀၁၉ နှစ်က ပြိုင်ပွဲတိုင်းမှာလည်း အကောင်းဆုံး ထိုးသက်နိုင်ခဲ့ပြီး ပရိသတ်တွေကလည်း

အများအပြား ဝန်ရံလာကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်ကတော့ တစ်နှစ်တာ အကောင်းဆုံး ဖိုက်တာ 2019 International Fighter Of the Year ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်နော်..။အောင်လအန်ဆန် ဟာ ၂၀၂၀ မှာတော့ ထိုးသတ်ရမယ့် ပြိုင်ပွဲတွေရှိပေမယ့်လည်း

ကပ်ရောဂါဆိုးကြီးကြောင့် ယင်းပွဲစဉ်တွေကို ရွှေ့ဆိုင်းထားတာဖြစ်တာပဲဖြစ်ပါတယ်။ ယှဉ်ပြိုင်ထိုးသတ်ရမယ့် ပြိုင်ပွဲတွေမရှိသေးပေမယ့် လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ချစ်ရတဲ့မိသားစု နဲ့ အတူတူ အေးအေးချမ်းချမ်းဖြတ်သန်းနေထိုင်နေပြီး

လေ့ကျင့်မှုတွေကိုလည်း နေ့စဉ်မပြတ် ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ပရိသတ်တွေရဲ့အချစ်တော်လေး အောင်လအန်ဆန်ကတော့ အရင်ကတွေ့နေတဲ့ပုံစံလေးနဲ့မတူပဲတမူထူးခြားတဲ့ မီးဖိုးခန်းထဲကိုဝင်ပြီး အရသာရှိလောက်မယ့် ကချင်ဟင်းလျာလေးကို ကိုယ်တိုင်ချက်ထားတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း

အောင်လအန်ဆန်က “ကျွန်တော့်အိမ်ကိုဘယ်သူတွေများညစာလာစားကြမလဲ….ကချင်လို”ရှန်ခတ်”လို့ခေါ်တဲ့ကချင်ရိုးရာအမဲသားစင်းကောဟင်းချက်ထားပါတယ်” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ မီးဖိုးခန်းထဲဝင်ပြီး ကိုယ်တိုင်ဟင်းချက်နေတဲ့ အချစ်တော်လေး အောင်လအန်ဆန် ရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Aung La Nsang(Burmese Python)’s Facebook | Reference & Credit : Myanmarlaod

Add a Comment

Your email address will not be published. Required fields are marked *