ယနေ့ကျရောက်တဲ့ ခန့်စည်သူရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ လင်းဇာနည်ဇော်





Read in UNICODE

ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ လင်းဇာနည်ဇော်ဟာဆိုရင် ချစ်စရာကောင်းလွန်းတဲ့ သမီးဖြစ်သူ မြူလင်းကိုကို

ကို single mother အဖြစ်နဲ့ ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့လည်း အောင်မြင်လျက်ရှိပါတယ်။ လင်းဇာနည်ဇော်ကတော့ ချစ်ရတဲ့အနုပညာညီအစ်ကိုမောင်နှမတွေရဲ့မွေးနေ့ရောက်တိုင်း

ဆုတောင်းပေးလေ့ရှိသူတစ်ဦးပါပဲနော်။ ဒီနေ့မှာကျရောက်တဲ့ ခန့်စည်သူရဲ့မွေးနေ့ကို လင်းဇာနည်ဇော်က”HAPPY BIRTHDAYကိုခန့် ကျန်းမာ ချမ်းသာ လိုရာပြည့်လို့ ဒီ့ထက်ပိုလို့ လှုဒါန်းနိုင်ပါစေ”လို့ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ

ရေးသားဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လင်းဇာနည်ဇော်ရဲ့ မွေးနေ့ဆုမွန်တောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ခန့်စည်သူကို အားပေးချစ်ခင်တယ်ဆိုရင် မွေးနေ့ဆုမွန်တောင်းလွှာလေးတွေရေးပေးခဲ့ကြပါအုံးနော်။

Source : Lin Zarni Zaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *