ေအာင္ဆန္း႐ုပ္ရွင္ထဲက ဂဠဳန္ဦးေစာ ကာ႐ိုက္တာအတြက္ ေလ်ာက္လႊာတင္ထားတဲ့သူေတြထဲက မွ်တစြာေ႐ြးခ်ယ္သြားမယ္ဆိုတဲ့ လူမင္း

ေအာင္ဆန္း႐ုပ္ရွင္ မွာေနရာလစ္လပ္သြားတဲ့ ဂဠဳန္ဦးေစာ ဇာတ္႐ုပ္အတြက္ သ႐ုပ္ေဆာင္ ဆုပန္ထြာရဲ႕ ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္ကလည္း ေလွ်ာက္လႊာတင္ခဲ့တဲ့အေၾကာင္း လူမင္းက ေျပာပါတယ္။ ” အဲဒီေန႔က Post တင္ၿပီးေတာ့ Mention ေတြ အမ်ားဆုံး အေခၚခံရတယ္ဆိုၿပီးေတာ့ သူကလည္းေျပာတယ္။ ဆုပန္ထြာကိုယ္တိုင္ကလည္း အစ္ကို႔ကို ဖုန္းဆက္တယ္။ ႐ုပ္အေျခခံကလည္း တူတယ္၊ သူကိုယ္တိုင္ကလည္း တကယ္ဝါသနာပါတယ္၊ ဆႏၵရွိတယ္ဆိုရင္ ေလွ်ာက္လႊာတင္ဖို႔

အစ္ကိုတို႔က ႀကိဳဆိုတယ္လို႔ေျပာထားတယ္။ အခုလည္း ေလွ်ာက္လႊာ လာတင္ၿပီးပါၿပီ။ တျခားသူေတြကလည္း ေလွ်ာက္လႊာတင္ထားၾကတယ္ဆိုေတာ့ တစ္ဦးတည္းအေပၚမွာ Focus လုပ္လို႔မေကာင္းဘူး။ အခုခ်ိန္မွာ ဒါ႐ိုက္တာလုပ္တဲ့သူက တစ္ေယာက္တည္းကိုပဲ Focus လုပ္ေနမယ္ဆိုရင္ ေလွ်ာက္လႊာတင္ထားတဲ့ သူေတြအတြက္ မမွ်တရာက်မယ္ေလ။ ဒါေၾကာင့္ တျခားေလွ်ာက္လႊာတင္ထားၾကသူေတြနဲ႔အတူ တန္းတူေ႐ြးခ်ယ္သြားမွာပါ” ဆိုၿပီးေတာ့ ဇြန္လ ၁၀ ရက္ေန႔က

႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္အတြက္ ႐ိုက္ကူးေရးမွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။ ယခင္က ဂဠဳန္ဦးေစာ ကာ႐ိုက္တာအတြက္ ဂဠဳန္ဦးေစာရဲ႕ ျမစ္အရင္းျဖစ္သူ ၊ သ႐ုပ္ေဆာင္ မင္းခရဲ႕ ညီ ေဇာ္ေဇာ္ပိုင္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ လူမင္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ မိဘေတြရဲ႕ ဆႏၵေၾကာင့္ ႏႈတ္ထြက္သြားခဲ့ၿပီလို႔လည္း သိရပါတယ္။ ” ဗိုလ္ခ်ဳပ္႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး ဂဠဳန္ဦးေစာေနရာမွာ ပထမတုန္းက သ႐ုပ္ေဆာင္မယ့္သူက ဂဠဳန္ဦးေစာရဲ႕ ျမစ္အရင္းျဖစ္တဲ့ ကိုေဇာ္ေဇာ္ပိုင္က

သူ႔ရဲ႕ အုပ္ထိန္းသူဖခင္နဲ႔အတူ ဒီေနရာမွာ သ႐ုပ္ေဆာင္ ခ်င္တယ္ဆိုၿပီး ကမ္းလွမ္းလာတာပါ။ သူကိုယ္တိုင္ကလည္း အဘိုး၊ အေဘး လက္ထက္က ေက်းဇူးကို သူ႔လက္ထက္မွာ ေက်းဇူးျပန္ဆပ္ခ်င္တယ္လို႔ေျပာတာနဲ႔ ပါဝင္ဖို႔ ကမ္းလွမ္းလာတာပါ။ အေရွ႕မွာလည္း အႀကိမ္ႀကိမ္ ေဆြးေႏြးၿပီးပါၿပီ။ ျပင္ဆင္မႈအပိုင္းေတြလည္း လုပ္ၿပီးပါၿပီ။ ဒါေပမယ့္ တကယ္႐ိုက္ေတာ့မယ့္အခ်ိန္မွာ မိဘအုပ္ထိန္းသူေတြရဲ႕ သေဘာဆႏၵနဲ႔ သ႐ုပ္ေဆာင္ဖို႔မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ အေၾကာင္းၾကားလာလို႔

အစ္ကိုတို႔ကလည္း အားျခင္း သ႐ုပ္ေဆာင္အသစ္ကို ေခၚရတာပါ” လို႔ သူက ဆိုပါတယ္။ လူမင္းဟာ ေအာင္ဆန္း႐ုပ္ရွင္ ဇာတ္ကားကို ဒါ႐ိုက္တာ တစ္ေယာက္အေနနဲ႔ စတင္႐ိုက္ကူးေနၿပီျဖစ္တာေၾကာင့္ ဂဠဳန္ဦးေစာ ဇာတ္႐ုပ္အတြက္ အခုခ်ိန္မွာ သ႐ုပ္ေဆာင္ အသစ္ေတြ ေခၚေနၿပီလို႔ ဆိုပါတယ္။ ” အဓိက ကေတာ့ ႐ုပ္အေျခခံေလးတူရင္ ပိုေကာင္းတာေပါ့။ ဒါ့အျပင္သ႐ုပ္ေဆာင္မႈေပါ့၊ လုံးဝ သ႐ုပ္မေဆာင္ႏိုင္တာမ်ိဳးက်ေတာ့လည္း မျဖစ္ဘူး။ အစ္ကိုတို႔ Casting Director က ပန္းခ်ီစိုးမိုးပါ

အဆင့္ဆင့္ေ႐ြးခ်ယ္မယ္။ ႐ုပ္အေျခခံကို အရင္ေ႐ြးမယ္။ အသက္အ႐ြယ္၊ အရပ္အေမာင္း၊ သ႐ုပ္ေဆာင္ႏိုင္မႈ ရွိမရွိစစ္ေဆးမယ္။ ၿပီးေတာ့မွ ေနာက္ဆုံးအေနနဲ႔ ေ႐ြးခ်ယ္မယ္ေပါ့” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။ေအာင္ဆန္း႐ုပ္ရွင္မွာေတာ့ အႏုပညာေလာကထဲက ဝါရင့္သ႐ုပ္ေဆာင္ေတြ (၅၀)% ေလာက္နဲ႔ အျပင္က မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေတြကလည္း (၅၀)%ပါဝင္တယ္လို႔ဆိုပါတယ္။ ဝါရင့္သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ လူမင္း၊ ရန္ေအာင္၊ရဲေအာင္၊ မင္းဦး၊ ခန႔္စည္သူ၊ ႏိုင္းႏိုင္းနဲ႔ မိုးေဟကိုတို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ။

Read in UNICODE

အောင်ဆန်းရုပ်ရှင် မှာနေရာလစ်လပ်သွားတဲ့ ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကလည်း လျှောက်လွှာတင်ခဲ့တဲ့အကြောင်း လူမင်းက ပြောပါတယ်။ ” အဲဒီနေ့က Post တင်ပြီးတော့ Mention တွေ အများဆုံး အခေါ်ခံရတယ်ဆိုပြီးတော့ သူကလည်းပြောတယ်။ ဆုပန်ထွာကိုယ်တိုင်ကလည်း အစ်ကို့ကို ဖုန်းဆက်တယ်။ ရုပ်အခြေခံကလည်း တူတယ်၊ သူကိုယ်တိုင်ကလည်း တကယ်ဝါသနာပါတယ်၊ ဆန္ဒရှိတယ်ဆိုရင် လျှောက်လွှာတင်ဖို့

အစ်ကိုတို့က ကြိုဆိုတယ်လို့ပြောထားတယ်။ အခုလည်း လျှောက်လွှာ လာတင်ပြီးပါပြီ။ တခြားသူတွေကလည်း လျှောက်လွှာတင်ထားကြတယ်ဆိုတော့ တစ်ဦးတည်းအပေါ်မှာ Focus လုပ်လို့မကောင်းဘူး။ အခုချိန်မှာ ဒါရိုက်တာလုပ်တဲ့သူက တစ်ယောက်တည်းကိုပဲ Focus လုပ်နေမယ်ဆိုရင် လျှောက်လွှာတင်ထားတဲ့ သူတွေအတွက် မမျှတရာကျမယ်လေ။ ဒါကြောင့် တခြားလျှောက်လွှာတင်ထားကြသူတွေနဲ့အတူ တန်းတူရွေးချယ်သွားမှာပါ” ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က

ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ယခင်က ဂဠုန်ဦးစော ကာရိုက်တာအတွက် ဂဠုန်ဦးစောရဲ့ မြစ်အရင်းဖြစ်သူ ၊ သရုပ်ဆောင် မင်းခရဲ့ ညီ ဇော်ဇော်ပိုင်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ လူမင်းက ပြောပါတယ်။ လက်ရှိမှာတော့ မိဘတွေရဲ့ ဆန္ဒကြောင့် နှုတ်ထွက်သွားခဲ့ပြီလို့လည်း သိရပါတယ်။ ” ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဂဠုန်ဦးစောနေရာမှာ ပထမတုန်းက သရုပ်ဆောင်မယ့်သူက ဂဠုန်ဦးစောရဲ့ မြစ်အရင်းဖြစ်တဲ့ ကိုဇော်ဇော်ပိုင်က

သူ့ရဲ့ အုပ်ထိန်းသူဖခင်နဲ့အတူ ဒီနေရာမှာ သရုပ်ဆောင် ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာပါ။ သူကိုယ်တိုင်ကလည်း အဘိုး၊ အဘေး လက်ထက်က ကျေးဇူးကို သူ့လက်ထက်မှာ ကျေးဇူးပြန်ဆပ်ချင်တယ်လို့ပြောတာနဲ့ ပါဝင်ဖို့ ကမ်းလှမ်းလာတာပါ။ အရှေ့မှာလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပါပြီ။ ပြင်ဆင်မှုအပိုင်းတွေလည်း လုပ်ပြီးပါပြီ။ ဒါပေမယ့် တကယ်ရိုက်တော့မယ့်အချိန်မှာ မိဘအုပ်ထိန်းသူတွေရဲ့ သဘောဆန္ဒနဲ့ သရုပ်ဆောင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ အကြောင်းကြားလာလို့

အစ်ကိုတို့ကလည်း အားခြင်း သရုပ်ဆောင်အသစ်ကို ခေါ်ရတာပါ” လို့ သူက ဆိုပါတယ်။ လူမင်းဟာ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ တစ်ယောက်အနေနဲ့ စတင်ရိုက်ကူးနေပြီဖြစ်တာကြောင့် ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် အခုချိန်မှာ သရုပ်ဆောင် အသစ်တွေ ခေါ်နေပြီလို့ ဆိုပါတယ်။ ” အဓိက ကတော့ ရုပ်အခြေခံလေးတူရင် ပိုကောင်းတာပေါ့။ ဒါ့အပြင်သရုပ်ဆောင်မှုပေါ့၊ လုံးဝ သရုပ်မဆောင်နိုင်တာမျိုးကျတော့လည်း မဖြစ်ဘူး။ အစ်ကိုတို့ Casting Director က ပန်းချီစိုးမိုးပါ

အဆင့်ဆင့်ရွေးချယ်မယ်။ ရုပ်အခြေခံကို အရင်ရွေးမယ်။ အသက်အရွယ်၊ အရပ်အမောင်း၊ သရုပ်ဆောင်နိုင်မှု ရှိမရှိစစ်ဆေးမယ်။ ပြီးတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်မယ်ပေါ့” လို့လည်း ဆက်လက် ပြောပြလာပါတယ်။အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *