သူ့ကို စိတ်ဒုက္ခပေးတဲ့သူတိုင်းကို မှတ်ထားပြီး အငြိုးဆိုတာ အလကားမဟုတ်ဘူးလို့ ပေါက်ကွဲခဲ့တဲ့ မိုးယံဇွန်
Read in UNICODE
မြင့်မားတဲ့အရပ်နဲ့ယောကျ်ားပီသတဲ့ မျက်နှာကို ပိုင်ဆိုင်ထားသူ မိုးယံဇွန်ကတော့ မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားသူပါ။ ဗွီဒီယိုဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ အများဆုံးတွေ့ရှိရသလို ဇာတ်ရုပ်တိုင်းကိုလည်း အံဝင်ဂွင်ကျသရုပ်ဆောင်နိုင်သူမို့ အားပေးသူပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ယောက်ဆိုရင်လည်း
မမှားပါဘူး။ သူကတော့ မကြာခဏဆိုသလို သူ့ရဲ့တနေ့တာအကြောင်းအရာတွေနဲ့ ခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီနေ့မှာတော့ ” တော်ပြီ အရာရာကို စောက်ရူးမထတော့ဘူး ကိုယ့် အပေါ်ကောင်းရင် ပြန်ကောင်းမယ်… မကောင်းရင် ရှောင်လိုက်မယ်… ဒါပေမယ့် စိတ်ဒုက္ခပေးသူတိုင်းကိုမှတ်ထားတယ် ကျေးဇူးလည်းတင်တယ်….
အရာရာပြန်သာတဲ့ အချိန်စက်ဝိုင်း လိုလည်နေတဲ့ ဘဝတကွေ့မှာပြန်မဆုံစေနဲ့ အငြိုးဆိုတာအလကား မဟုတ်ဘူး… မိဘနဲ့ ကိုယ်ကျင်လည်တဲ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူဖြစ်ရင်ပဲ ကျေနပ်ပြီ… စိတ်သဘောထားကတော့လိုတာထက်ကို ‘ပြည့်’ တယ်…. ဒါပေမယ့် လူထဲကလူလေ…. အငြိုးဆိုတာတော့ အလကားမဟုတ်ဘူး” ဆိုပြီး ရင်ထဲကခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။ မိုးယံဇွန်ရဲ့စာသားတွေကြောင့်
ပရိသတ်တွေကတော့ သူတို့အားပေးတဲ့အနုပညာရှင်ကို အငြိုးအတေးမထားဖို့နဲ့ ကိုယ့်ဘာသာစိတ်ကိုအေးချမ်းအောင်နေဖို့ အကြံပြုမှတ်ချက်တွေနဲ့ အားပေးစကားပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိုးယံဇွန်တစ်ယောက်တော့ အခုလို စာတွေတင်ရလောက်တဲ့အထိ ဘာများစိတ်အနှောင့်အယှက်ဖြစ်စရာနဲ့ ကြုံနေရသလဲ မသိဘူးနော်။
Source : Moe Yann Zune | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *