ကျောင်းမှာ ထမင်းမကုန်ရင် အမေဖြစ်သူ စိတ်ညစ်မှာစိုးလို့ သူငယ်ချင်းကို နေ့တိုင်းကျွေးတဲ့ သားလေးအကြောင်း ပြောပြခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်






Read in UNICODE

ထွန်းအိန္ဒြာဗိုလ်ကတော့ ဆယ်ကျော်သက်အရွယ်သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားလေးကိုသေချာထိန်းကျောင်းပေးပြီး ဂရုတစိုက်ရှိပေးတဲ့မေမေဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်တို့မိသားစုလေးက မိသားစုဝင်(၃)ယောက်ရှိပြီး အေးအေးချမ်းချမ်းနဲ့ပျော်ရွှင်စရာကောင်းလှပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးက

လိမ္မာရေးခြားရှိပြီး ပညာရေးမှာလည်းထူးချွန်သလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်တဲ့သူလေးဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးက အနေအေးတဲ့ကလေးဖြစ်ပြီး တိရိစ္ဆာန်လေးတွေအပေါ်မှာလည်းကြင်နာတတ်လို့ အိမ်မှာဆိုရင် ချစ်စရာအကောင်လေးတွေကိုမွေးထားတာဖြစ်ပါတယ်။မိဘနှစ်ပါးမျက်နှာပွင့်ရအောင်

ကျောင်းမှာလည်းဆုတွေရရှိတဲ့ သားလေးအောင်ဘိုကောင်းသန့်က အခုဆိုရင်လည်း Communication Award ဆုလေးကိုရရှိခဲ့တာဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သားလေးကြောင့်အမြဲစိတ်ချမ်းသာရပြီး မခိုင်ကြီးကအောက်ပါအတိုင်းရေးသားမျှဝေထားတာဖြစ်ပါတယ်။ “သား ငယ်ငယ်က အစားကျွေးရတာ

အရမ်းခက်ပါတယ်..ကျောင်းက ပြန်လာတိုင်း ထမင်းဗူး က အရာမယွင်းတော့ ကျွန်မက သူ ထမင်းမစားရင် စိတ်ညစ်ကြောင်းရှင်းပြရတယ်လေ..အဲ့ နောက်ပိုင်း ထမင်းဗူးလေး အမြဲလိုလို ကုန်လာလို့ ဝမ်းသာရတာပေါ့..တစ်နေ့ကျတော့ သားလေး ကျောင်းက

ဆု ရလာတယ်..သူငယ်ချင်း အချင်းချင်း မျှဝေနိုင်သူ ဆုပါ..သား ကိုမေးကြည့်တော့မှထမင်းဗူးမကုန်ရင် မေမေ စိတ်ညစ်မှာစိုးလို့ သူငယ်ချင်းကို နေ့တိုင်းကျွေး တာ တဲ့… အခုလည်း စကားများလွန်းလို့များဆု ရ ခဲ့တာလား မသိ”ဆိုပြီး မေမေထွန်းအိန္ဒြာဗိုလ်က သားသားလေးရဲ့အကြောင်းကိုရေးသားမျှဝေလာတာဖြစ်ပါတယ်။

Source : Htun Eaindra Bo’s Facebook | Reference & Credit : Myanamrlaod

Add a Comment

Your email address will not be published. Required fields are marked *