သူမရဲ႕ လက္ရွိအေျခအေနနဲ႔ ကြာရွင္းျပတ္စဲလိုက္ရတဲ့ အေၾကာင္းအရင္းကို ေျပာျပခဲ့တဲ့ မယ္လိုဒီ

မယ္လိုဒီဟာ ခင္ပြန္းျဖစ္သူနဲ႔ လမ္းခြဲလိုက္ၿပီဆိုတာ ပရိသတ္ေတြ အားလုံး သိရွိၿပီးျဖစ္ၾကမွာ ျဖစ္သလို ႐ုတ္တရက္ အသိေပးလိုက္တဲ့ သတင္းေလးေၾကာင့္လည္း ပရိသတ္ေတြ အံ့အားသင့္ေစၿပီး စိတ္မေကာင္းျဖစ္ခဲ့မွာပါေနာ္..။ပရိသတ္အခ်စ္ေတာ္ေလး မယ္လိုဒီကေတာ့ လတ္တေလာမွာ ေအးေဆးတည္ၿငိမ္ေနၿပီး ကြာရွင္းျပတ္စဲလိုက္တဲ့ အေၾကာင္းအရင္းေလးနဲ႔ သူမရဲ႕လက္ရွိအေျခအေနေလးကို ပရိသတ္ေတြကို ေျပာျပလာပါတယ္ေနာ္..။ “ကြၽန္မေယာကၡမ ကမာၻေပၚမွာ

ကြၽန္မအေပၚ နားလည္ေပးႏိုင္ဆုံးပါ အတိတ္ဘဝကအေမလို႔ေတာင္ တင္စားထားတဲ့ ေမေမပါ ဘယ္လိုအေနအထားျဖစ္ျဖစ္ ခံစားခ်က္ထပ္တူက်တဲ့ေမေမပါ ကြၽန္မကိုသမီးအရင္းလို ခ်စ္တဲ့ေမေမပါ အၿမဲတမ္း အေမလိုမ်ိဳးခ်စ္သြားမွာပါ ကိုသာေကာင္း မူးယစ္ေဆးဝါးကင္းရွင္းေလာင္းကစားကင္းရွင္း မိန္းမကိစၥကင္းရွင္း သူတစ္ေယာက္တည္းဆို သူ႔ဘဝက ပိုသာယာပါလိမ့္မယ္ စိတ္ပုတ္ စိတ္ယုတ္ မရွိပါဘူးအေပါင္းအသင္းအေပၚေတာ့ အလြန္တရာအားနာတတ္ၿပီး မိသားစုထက္

ပိုခ်စ္တယ္ ထင္ရေအာင္ သိတတ္သူပါ မတူညီမူမ်ားစြာနဲ႔ညႇိမရလို႔ အၾကင္လင္မယားဘဝကေန အရင္လို သူငယ္ခ်င္းဘဝကို ျပန္သြားလိုက္တာပါ မိတ္ပ်က္ၿပီး ရန္သူျဖစ္စရာအေၾကာင္း ဘယ္ေတာ့မွရွိလာမွာ မဟုတ္ဘူး..” ဆိုၿပီး ကြာရွင္းျပတ္စဲလိုက္တဲ့ အေၾကာင္းေလးကို ေျပာျပထားတာပါ..။ ခင္ပြန္းျဖစ္သူနဲ႔ တရားဝင္ကြာရွင္းျပတ္စဲလိုက္ၿပီး သားေလးကိုေတာ့ သူမေခၚထားကာ တစ္ပတ္တစ္ရက္ေတာ့ ဖခင္နဲ႔ ေပးအိပ္ၿပီး ခင္ပြန္းေဟာင္းနဲ႔ သူမတို႔ၾကားမွာ ခ်စ္ျခင္း မုန္းျခင္း အၿငိဳးအေတးေတြ ဘာမွမရွိတဲ့အတြက္ ထူးျခားဆန္းျပားတဲ့ သတင္းလည္း မရွိပါဘူးဆိုၿပီး ေမေမမ်ိဳးက

ေျပာျပထားပါေသးတယ္ေနာ္..။ အခုလို ကြာရွင္းျပတ္စဲလိုက္တဲ့အေၾကာင္း ပရိသတ္ေတြကို မေၾကညာျဖစ္တာကေတာ့ ” သူနဲ႔ကြၽန္မၾကားမွာ ခ်စ္ျခင္း မုန္းျခင္း အၿငိဳးအေတး ဘာမွမရွိပါဘူး.. အဲ့ဒီေတာ့ ထူးျခား ဆန္းျပားတဲ့ သတင္းလဲမရွိပါဘူးျဖစ္ပ်က္သမွ် တရားဝင္အားလုံးလုပ္ၿပီးသားပါမေၾကျငာတာ က မလိုအပ္ဘဲ ပူပန္ေနၾကမွာစိုးလို႔ရယ္ မလိုအပ္ဘဲ အကုသိုလ္ျဖစ္မွာစိုးလို႔ပါ ကြၽန္မတို႔ေတြ အားလုံးေအးေဆးပါ သူနဲ႔ကြၽန္မ ေမာင္ႏွမအျဖစ္ မိသားစုအျဖစ္ဆက္တည္ရွိေနမွာပါ ခ်စ္ခင္ေသာသူမ်ားအားလုံးကိုလည္း ေအးေဆးေစခ်င္ပါတယ္..” ဆိုၿပီး မယ္လိုဒီက

ေျပာျပထားတာျဖစ္ပါတယ္ေနာ္..။ မယ္လိုဒီကေတာ့ သူမဟာ စိတ္ေလစိတ္ကစားၿပီး မွားရမယ့္အ႐ြယ္မဟုတ္ဘဲ အႀကိမ္ႀကိမ္ အခါခါ လေပါင္းမ်ားစြာ စဥ္းစားဆုံးျဖတ္ခဲ့တဲ့ ကိစၥမို႔ သူမအေနနဲ႔ လက္ရွိမွာ တည္ၿငိမ္ေနၿပီျဖစ္တဲ့အေၾကာင္းနဲ႔ လတ္တေလာမွာ အိမ္မႈကိစၥေတြနဲ႔ သားေလးစာဖတ္ဖို႔ ေက်ာင္းကိစၥပဲ လုပ္ေနၿပီး က်န္တာေတြမေတြးအားဘူးဆိုၿပီးေတာ့လည္း ေျပာျပထားသလို သားေလးနဲ႔ သူမအတြက္ စိတ္ပူေပးၾကသူေတြကိုလည္း ေက်းဇူးတင္စကားေလး ဆိုထားပါေသးတယ္ေနာ္..။ ပရိသတ္ေတြနဲ႔ ခင္မင္ရင္းႏွီးၾကတဲ့ မိတ္ေဆြေတြကလည္း စိတ္မေကာင္းျဖစ္ၾကသလို ရဲရင့္ျပတ္သားၿပီး တည္ၿငိမ္ရင့္က်က္ေနၿပီျဖစ္တဲ့ သူမရဲ႕စိတ္ဓာတ္ေလးကိုလည္း ခ်ီးက်ဴးစကားေလးေတြလည္း ဆိုထားၾကပါတယ္ေနာ္..။

Read in UNICODE

မယ်လိုဒီဟာ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတာ ပရိသတ်တွေ အားလုံး သိရှိပြီးဖြစ်ကြမှာ ဖြစ်သလို ရုတ်တရက် အသိပေးလိုက်တဲ့ သတင်းလေးကြောင့်လည်း ပရိသတ်တွေ အံ့အားသင့်စေပြီး စိတ်မကောင်းဖြစ်ခဲ့မှာပါနော်..။ပရိသတ်အချစ်တော်လေး မယ်လိုဒီကတော့ လတ်တလောမှာ အေးဆေးတည်ငြိမ်နေပြီး ကွာရှင်းပြတ်စဲလိုက်တဲ့ အကြောင်းအရင်းလေးနဲ့ သူမရဲ့လက်ရှိအခြေအနေလေးကို ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။ “ကျွန်မယောက္ခမ ကမ္ဘာပေါ်မှာ

ကျွန်မအပေါ် နားလည်ပေးနိုင်ဆုံးပါ အတိတ်ဘဝကအမေလို့တောင် တင်စားထားတဲ့ မေမေပါ ဘယ်လိုအနေအထားဖြစ်ဖြစ် ခံစားချက်ထပ်တူကျတဲ့မေမေပါ ကျွန်မကိုသမီးအရင်းလို ချစ်တဲ့မေမေပါ အမြဲတမ်း အမေလိုမျိုးချစ်သွားမှာပါ ကိုသာကောင်း မူးယစ်ဆေးဝါးကင်းရှင်းလောင်းကစားကင်းရှင်း မိန်းမကိစ္စကင်းရှင်း သူတစ်ယောက်တည်းဆို သူ့ဘဝက ပိုသာယာပါလိမ့်မယ် စိတ်ပုတ် စိတ်ယုတ် မရှိပါဘူးအပေါင်းအသင်းအပေါ်တော့ အလွန်တရာအားနာတတ်ပြီး မိသားစုထက်

ပိုချစ်တယ် ထင်ရအောင် သိတတ်သူပါ မတူညီမူများစွာနဲ့ညှိမရလို့ အကြင်လင်မယားဘဝကနေ အရင်လို သူငယ်ချင်းဘဝကို ပြန်သွားလိုက်တာပါ မိတ်ပျက်ပြီး ရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး..” ဆိုပြီး ကွာရှင်းပြတ်စဲလိုက်တဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းပြတ်စဲလိုက်ပြီး သားလေးကိုတော့ သူမခေါ်ထားကာ တစ်ပတ်တစ်ရက်တော့ ဖခင်နဲ့ ပေးအိပ်ပြီး ခင်ပွန်းဟောင်းနဲ့ သူမတို့ကြားမှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေးတွေ ဘာမှမရှိတဲ့အတွက် ထူးခြားဆန်းပြားတဲ့ သတင်းလည်း မရှိပါဘူးဆိုပြီး မေမေမျိုးက

ပြောပြထားပါသေးတယ်နော်..။ အခုလို ကွာရှင်းပြတ်စဲလိုက်တဲ့အကြောင်း ပရိသတ်တွေကို မကြေညာဖြစ်တာကတော့ ” သူနဲ့ကျွန်မကြားမှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေး ဘာမှမရှိပါဘူး.. အဲ့ဒီတော့ ထူးခြား ဆန်းပြားတဲ့ သတင်းလဲမရှိပါဘူးဖြစ်ပျက်သမျှ တရားဝင်အားလုံးလုပ်ပြီးသားပါမကြေငြာတာ က မလိုအပ်ဘဲ ပူပန်နေကြမှာစိုးလို့ရယ် မလိုအပ်ဘဲ အကုသိုလ်ဖြစ်မှာစိုးလို့ပါ ကျွန်မတို့တွေ အားလုံးအေးဆေးပါ သူနဲ့ကျွန်မ မောင်နှမအဖြစ် မိသားစုအဖြစ်ဆက်တည်ရှိနေမှာပါ ချစ်ခင်သောသူများအားလုံးကိုလည်း အေးဆေးစေချင်ပါတယ်..” ဆိုပြီး မယ်လိုဒီက

ပြောပြထားတာဖြစ်ပါတယ်နော်..။ မယ်လိုဒီကတော့ သူမဟာ စိတ်လေစိတ်ကစားပြီး မှားရမယ့်အရွယ်မဟုတ်ဘဲ အကြိမ်ကြိမ် အခါခါ လပေါင်းများစွာ စဉ်းစားဆုံးဖြတ်ခဲ့တဲ့ ကိစ္စမို့ သူမအနေနဲ့ လက်ရှိမှာ တည်ငြိမ်နေပြီဖြစ်တဲ့အကြောင်းနဲ့ လတ်တလောမှာ အိမ်မှုကိစ္စတွေနဲ့ သားလေးစာဖတ်ဖို့ ကျောင်းကိစ္စပဲ လုပ်နေပြီး ကျန်တာတွေမတွေးအားဘူးဆိုပြီးတော့လည်း ပြောပြထားသလို သားလေးနဲ့ သူမအတွက် စိတ်ပူပေးကြသူတွေကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။ ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေကလည်း စိတ်မကောင်းဖြစ်ကြသလို ရဲရင့်ပြတ်သားပြီး တည်ငြိမ်ရင့်ကျက်နေပြီဖြစ်တဲ့ သူမရဲ့စိတ်ဓာတ်လေးကိုလည်း ချီးကျူးစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

Source : Melody Myo’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *